ဇာတ်ကားများ ရွေးရန်

Split

2016ဇာတ်ကားအမှတ် 6.9/10121 မိနစ်

Split (2016) ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် တစ်ချိန်တည်းမှာပဲ ရယ်မောရင်း , စိတ်လှုပ်ရှားရင်း ရင်ထဲနွေးစေမဲ့ ခံစားချက်ပေါင်းစုံ ခံစားရစေမဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။ Cast တွေအနေနဲ့တော့ " When My Love Blooms" မှ မင်းသားကြီး Yoo Ji-Tae ၊ "Squid Game 2 ,3 " မှ David Lee ၊ Lee Jung-Hyun တို့မှ အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ~ တစ်ချိန်က နာမည်ကြီး ဘိုးလင်းကစားသမားဖြစ်ခဲ့တဲ့ ယွန်းချောဂျုံး(Yoo Ji-Tae) ဆိုသူဟာ ကားမတော်တဆမှုကြောင့် ခြေထောက်ထိခိုက်သွားပြီးနောက်ပိုင်း ကစားသမားအဖြစ်မှ နှုတ်ထွက်လိုက်ပါတယ်။ ဒီလိုနဲ့ လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး စွန့်ပစ်ခြံအဟောင်းကြီးမှာ အလုပ်လုပ်ရင်းနဲ့ အကြွေးဗရပွရှိနေတဲ့ ဘိုးလင်းရုံပိုင်ရှင် ဟီဂျင်း(Lee Jung-Hyun)နဲ့ အတူ လောင်းကြေးထပ် ဘိုးလင်းဆော့ကြတဲ့လူတွေနဲ့ လိုက်ချိတ်ဆက် ပြိုင်ကြရင်း ပိုက်ဆံရှာနေခဲ့ပါတယ် ။ တစ်နေ့မှာတော့ ချောဂျုံးတစ်ယောက် .. ယောင်းဟွန်း(David Lee)ဆိုတဲ့ ဘိုးလင်းပစ်တာတော်တဲ့ အော်တစ်ဇင်ဖြစ်နေတဲ့ ကလေးကို တွေ့သွားပြီးနောက် နောက်ပြိုင်ပွဲတွေမှာ လောင်းကြေးမရှုံးဖို့အတွက် အတူကစားအောင် ယောင်းဟွန်းကို စည်းရုံးဖို့ ဖြစ်လာခဲ့ပါတယ် ။ သိပ်ခက်ခက်ခဲခဲ စည်းရုံးစရာ မလိုဘဲ ယောင်းဟွန်းက လွယ်လွယ်ကူကူ လက်ခံလိုက်တာကြောင့် အတူပေါင်းပြီး ကစားကြရင်း.. တဖြည်းဖြည်းနဲ့ အန္တရာယ်များတဲ့ကစားပွဲတစ်ခုထဲ ဝင်ရောက်ပြိုင်ဆိုင်ဖို့ ဖြစ်လာတဲ့အခါမှာတော့ .... ဘိုးလင်းအားကစားအပြင် သူငယ်ချင်းသံယောဇဥ်ကိုပါ တွေ့မြင်ရပြီး ရင်ထဲနွေးထွေးစေမဲ့ ကားကောင်းလေးဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ် .. File size…1.76GB / 990MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Sports, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း