ဇာတ်ကားများ ရွေးရန်

Ethel & Ernest

2016ဇာတ်ကားအမှတ် 7.4/1094 မိနစ်

Ethel & Ernest (2016) IMDb Rating (7.7) / Rotten Tomatoes (97%) ကျွန်တော့်ဘ၀မှာ TV မှာတစ်ခါလာလို့ကြည့်ဖူးပြီး တစ်သက်လုံးမမေ့တဲ့ကားတွေထဲကမှ တစ်ကားကိုပြောပါဆိုရင် Ethel and Ernest လို့ပဲပြောရမှာပါပဲ။ ဒီကားဟာ ဇာတ်လမ်းအရမ်းမိုက်ပြီး plot twist တွေနဲ့ အရမ်းမိုက်နေတဲ့ကားတစ်ကားမလို့လားဆိုရင်တော့ လုံး၀မဟုတ်ပါဘူး။ ဇာတ်လမ်းဟာ ရိုးရှင်းလွန်းပါတယ်။ ရိုးရှင်းလွန်းသလို နူးညံ့လွန်းပါတယ်။ နူးညံ့လွန်းသလို လှပလွန်းပါတယ်။ လှပလွန်းသလို သဘာ၀ဆန်လွန်းပါတယ်။ သဘာ၀ဆန်တာကို ချစ်မြတ်နိုးသူတွေ၊ လက်တွေ့ကျကျအလှအပတွေကို ချစ်မြတ်နိုးသူတွေအတွက် ဒီဇာတ်ကားဟာ နွေရာသီမှာတိုက်ခတ်လိုက်တဲ့ လေပြေလို၊ မိုးရာသီမှာ အမှတ်တမဲ့ရလိုက်တဲ့ မြေသင်းနံ့လို၊ ဆောင်းရာသီမနက်ခင်းမှာ သောက်လိုက်ရတဲ့ ကော်ဖီပူပူတစ်ခွက်လို ရင်ထဲကျေနပ်မှုကို ခံစားရစေမှာပါ။ Ethel & Ernest ဆိုတဲ့ ဒီဇာတ်လမ်း‌လေးဟာဆိုရင် British ကာတွန်းရေးဆရာ Raymond Briggs ရဲ့ မိဘအရင်းတွေဖြစ်တဲ့ မိခင် Ethel နဲ့ ဖခင် Ernest တို့ရဲ့ ဘဝဇာတ်ကြောင်းကို hand-drawn animation ပုံစံနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။ Hand-drawn frames ပေါင်း 67,680 သုံးထားတယ်လို့သိရပါတယ်။ အဲ့အပြင် ဒီဇာတ်လမ်းကိုပဲ Graphic novel အဖြစ်နဲ့ 1998 မှာထွက်ခဲ့ပြီးသားပါ။ Graphic novel ဖတ်တတ်တဲ့သူတွေကိုလည်း ရှာပြီးဖတ်ကြည့်ဖို့ recommend ပေးလိုပါတယ်။ ဒါပေမယ့် ရုပ်ရှင်ကတော့ ပေးချင်တဲ့ခံစားချက်တွေ ဘ၀ရဲ့ရိုးရှင်းမှုတွေကို ပိုပြီး အဓိပ္ပါယ်ရှိအောင်ပုံဖော်ထားနိုင်တယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပါဆိုရင် အရသာပျက်မှာလည်းကြောက်ရသေးတယ်။ ဒါပေမယ့် အရသာမပျက်အောင်ချုံပြောရရင်တော့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာနေတဲ့ သာမန်လူတန်းစားနှစ်ဦးဖြစ်တဲ့ Ethel နဲ့ Ernest ဟာ စတင်တွေ့ဆုံခဲ့တဲ့အချိန်ကစပြီး သေတဲ့အထိ မပျက်စီးတဲ့ ချစ်ခြင်းမေတ္တာတွေ၊ မိသားစုဘဝထူ‌ထောင်ပုံတွေ၊ ဘ၀မှာကြုံလာရတဲ့ အခက်အခဲတိုင်းကို အတူတူရင်ဆိုင် ဖြေရှင်းပုံတွေ (ဥပမာ - ဒုတိယကမ္ဘာစစ်၊ စစ်ပြီးခေတ် အပြောင်းအလဲများ၊ လူနေမှုစနစ်များ) ကို ရိုးရိုးရှင်းရှင်းပဲ ပုံဖော်ထားပါတယ်။ လင်မယားနှစ်ယောက် လက်ဖက်ရည်သောက်တဲ့ scene၊ သတင်းစာဖတ်တဲ့ scene တွေဆို တော်တော်လေးချစ်စရာကောင်းပါတယ်။ သုံးထားတဲ့ soundtrack တွေကလည်း အရင်ခေတ်ကာလကို ‌ပြန်ပြီးခံစားချင်တဲ့သူတွေအတွက်လည်း သဘောကျစရာဖြစ်နေပါလိမ့်မယ်။ ဆွဲထားတာလည်း အပြစ်ပြောစရာမရှိအောင်ကို လှပါတယ်။ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက်အကြိုက်တူချင်မှ တူပါလိမ့်မယ်။ ဒီလို art style မျိုးကို ကြိုက်ပါတယ်ဆိုတဲ့သူအတွက်တော့ နှစ်ခါပြန်တွေးစရာကိုမလိုတဲ့ ကားလေးပါ။ File size… (1.8 GB) / (970 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Animation,Drama,History,War Duration…. 01:35:14 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း