ဇာတ်ကားများ ရွေးရန်

The Correspondent

2025ဇာတ်ကားအမှတ် 7.1/10119 မိနစ်

The Correspondent (2025) ++++++++++ ဒီဇာတ်ကားလေးကတော့ ၂၀၁၃ ခုနှစ် အီဂျစ်နိုင်ငံမှာ မှားယွင်းထောင်ချခံခဲ့ရတဲ့ ဩစတေးလျလူမျိုး ဂျာနယ်လစ် ပီတာဂရက်စတာရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ပီတာ က အယ်ဂျီဇီရာသတင်းဌာနမှာ အလုပ်လုပ်နေသူဖြစ်ပြီးတော့ ခရစ်စမတ်ကာလအတွင်းမှာ လုပ်ဖော်ကိုင်ဖက်တစ်ဦး ခွင့်ယူသွားတဲ့အတွက် အစားထိုးအနေနဲ့ အီဂျစ်နိုင်ငံမှာ ၃ပတ်တာ သတင်းရယူ ပေးဖို့ဖြစ်လာပါတယ်။ ဒီလိုနဲ့ အီဂျစ်နိုင်ငံမှာ သတင်းယူနေရင်း ရုတ်တရက်အစိုးရအလှည့်အပြောင်းကြောင့် နိုင်ငံရေးမတည်မငြိမ် ဖြစ်လာပါတယ်။ မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေတွေကြားထဲမှာ ပီတာဂရက်စတာနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ မှားယွင်းစွပ်စွဲခံရပြီး ထောင်ချခံလိုက်ရပါတော့တယ်။ ဒီဇာတ်လမ်းလေးမှာတော့ ပီတာဂရက်စတာ ရဲ့ ထောင်တွင်းဖြတ်သန်းပုံတွေ၊ အီဂျစ်နိုင်ငံရဲ့ နိုင်ငံရေးအရှုပ် အထွေးတွေနဲ့ စွပ်စွဲခံရမှုကနေ လွတ်မြောက်အောင်ကြိုးစားအားထုတ်ပုံတွေကို ဇာတ်လမ်းဇာတ်ကွက် ကောင်းကောင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size… (1.78GB) / (0.98GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 59m Genre … Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း