ဇာတ်ကားများ ရွေးရန်

Juror 8

2019ဇာတ်ကားအမှတ် 7.4/10114 မိနစ်

Juror 8 (2019) // The Juror (2019) Juror ဇာတ်ကားဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး လူထုတရားစီရင်ရေး ဂျူရီအဖွဲ့ဝင်တွေကို ရွေးချယ်ပြီး အမှုကို အဆုံးအဖြတ်‌ပေးခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး Park Hyun Sik, Moon So Ri, Seo Jung Yeon စတဲ့ နာမည်ကြီးသရုပ်ဆောင်‌တွေ ပါဝင်ထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဂန်ဒူရှစ်(Seo Hyun-woo)ကတော့ အမေကို သတ်ခဲ့တယ်ဆိုတဲ့ လူသတ်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ တရားပြိုင်ဖြစ်ပြီး ဂင်ဂျွန်ယောင်းမ်(Moon So Ri)က ဒီအမှုကို အဆုံးအဖြတ်ပေးရမယ့် တရားသူကြီးဖြစ်ပါတယ်။ ဂွမ်နမ်ဝူ(Park Hyung Sik) ပါဝင်တဲ့ ဂျူရီအဖွဲ့ဝင် ( ၈‌ )ယောက်က တရားပြိုင် ဂန်ဒူရှစ်ဟာ တကယ်ပဲ အ‌မေကို တရားခံ ဟုတ်မဟုတ်ဆိုတာ ဆွေးနွေး‌ပေးရမှာဖြစ်ပါတယ်။ လူအများကတော့ ပထမဆုံး ဂျူရီအဖွဲ့ ပါဝင်တဲ့ တရားခွင် ဖြစ်တာကြောင့် တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်း တရားခွင်ကို အဆုံးသတ်ဖို့ပဲ မျှော်လင့််နေကြပါတယ်။ ဒါပေမဲ့ အသက်အရွယ်မတူ နယ်ပယ်ချင်း မတူညီကြတဲ့ ဂျူရီအချင်းချင်းကြားက ပဋိပက္ခ၊ တရားသူကြီးနဲ့ ဂျူရီအဖွဲ့ဝင်တွေကြားက အဆင်မပြေမှုတွေနဲ့အတူ အမှုကို ဘယ်လိုဖြေရှင်းပြီး ဂန်ဒူရှစ်မှာ အပြစ်ရှိ,မရှိ ဘယ်လိုအဆုံးအဖြတ်ပေးသွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် .. File size…1.87GB / 954 MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 54 min. Genre ….. Thriller, Mystery, Law, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း