High Crimes
ကလဲရ် ကုဘစ်ဟာ အရည်အချင်းရှိတဲ့ ရှေ့နေတစ်ယောက်ဖြစ်ပြီး ခင်ပွန်းတွမ်နဲ့အတူ အေးအတူပူအမျှ နေထိုင်နေသူပါ။ တစ်နေ့မှာတော့ အမေရိကန်စစ်တပ်က တွမ်ကို ရုတ်တရက် ဖမ်းဆီးသွားတယ်။ စစ်တပ်ဘက်က ပြောလာတာက သူဟာ တွမ် ကုဘစ်မဟုတ်ဘဲ ရွန် ချက်မန်းဆိုတဲ့ တပ်ပြေးတစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ။ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ပါ စွပ်စွဲခံထားရပြီး သေဒဏ်အထိ ကျခံရနိုင်တဲ့အခြေအနေ ဖြစ်နေပါတယ်။ ခင်ပွန်းအပေါ် စွပ်စွဲချက်တွေဟာ မမှန်မကန်ဖြစ်နေတယ်လို့ သိလာရတဲ့ ကလဲရ်က အမှုကို ဝင်ရောက်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ စစ်တပ်က ခင်ပွန်းအတွက် နာမည်မထင်ရှားတဲ့ ရှေ့နေတစ်ယောက်ကိုသာ စီစဉ်ပေးထားတာကြောင့် စစ်မှုထမ်းဟောင်း ချာလီရဲ့ အကူအညီနဲ့ စစ်တပ်ကို တရားရေးအရ ရင်ဆိုင်ရပါတော့တယ်။ ကလဲရ်အဖြစ် Ashley Jadd၊ ချာလီအဖြစ် Morgan Freeman တို့ ပါဝင်ထားပါတယ်။ အာဏာသုံးမှုနဲ့ မမှန်မကန်လုပ်ရပ်တွေကြားမှာ အမှန်တရား ဖုံးကွယ်ခံရပုံကို တရားရင်ဆိုင်ရတဲ့အကြောင်းနဲ့ တွဲဖော်ပြထားတဲ့ မှုခင်းဒရာမာပါ။
ဇာတ်လမ်းအကြောင်း