Junebug
အသက် ၄၀ ပြည့်တော့မယ့် ဂျူနီပါဟာ ငယ်စဉ်ကတည်းက စာရေးဆရာ ဖြစ်ချင်တဲ့အိပ်မက် ရှိတယ်။ သူမရဲ့ လက်ရှိအလုပ်ကတော့ အသေးစားပုံနှိပ်တိုက်တစ်ခုရဲ့ အယ်ဒီတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူမအလုပ်ကိုလာတဲ့လမ်းမှာ အဲလက်စ်ဆိုတဲ့ နံရံဆေးရေးပန်းချီဆရာ တစ်ဦးနဲ့ ဆုံတယ်။ အဲလက်စ်ရဲ့ ပန်းချီကို သဘောကျသွားတဲ့အတွက် သူမရဲ့ပုံနှိပ်တိုက်မှာ ကလေးစာအုပ်အတွက် ရုပ်ပြရေးဆွဲသူအဖြစ် အလုပ်လာလုပ်ဖို့ ဖိတ်ခေါ်လိုက်တယ်။ အဲလက်စ်က တစ်ချိန်တုန်းက နာမည်ကြီးပန်းချီဆရာ ဖြစ်ခဲ့ပေမယ့်လို့ အကြောင်းရင်းတစ်ခုကြောင့် နံရံဆေးရေးတဲ့ဘက်ကို ပြောင်းခဲ့တာ။ ဒီတော့ သူကငြင်းလိုက်တယ်။ တစ်ချိန်တည်းမှာပဲ ၈နှစ်အရွယ် ဂျူနီပါက အသက် ၄၀အရွယ်ဂျူနီပါဆီကို ရောက်လာတယ်။ စိတ်ကူးယဉ်သူငယ်ချင်းလိုမျိုး၊ သူမတစ်ဦးတည်းပဲ မြင်နိုင်တဲ့ သူမပုံစံ ကလေးမလေးပေါ့။ ၈နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ သူမရဲ့ အိပ်မက်တွေက တကယ်မဖြစ်လာတာကို မယုံကြည်နိုင်ဘူး။ ဒီတော့ လက်ရှိဂျူနီပါကို အဲဒီစိတ်ကူးယဉ်ကလေးမက စာရေးဆရာ အိပ်မက်ကို ပြန်လည်အကောင်အထည်ဖို့ တိုက်တွန်းတော့တယ်။ သူမကို ငြင်းခဲ့တဲ့ အဲလက်စ်ကလည်း သူမရဲ့ ငယ်ဘဝအိပ်မက်ကို သိသွားတဲ့အချိန် သူမကသာ ကလေးစာအုပ်ရဲ့ စာရေးသူဖြစ်မယ်ဆိုရင် သူကရုပ်ပြဆွဲပေးမယ်ဆိုပြီး သဘောတူလိုက်တယ်။ ၈နှစ်အရွယ် ဂျူနီပါမှာတောင် စရေးပြီး အဆုံးမသတ်နိုင်တဲ့ ပုံပြင်ဇာတ်လမ်းတွေ အများကြီးရှိခဲ့တာ။ ဒီအရွယ်ကြီးရောက်မှ အိပ်မက်တွေကို အစကနေ ပြန်စတင်ရမယ့် ဂျူနီပါအတွက် အဆင်ပြေပါ့မလား။ File size…(1.3 GB)/(757 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း