ဇာတ်ကားများ ရွေးရန်

Instintos

2025ဇာတ်ကားအမှတ် 7.4/1082 မိနစ်

Instintos (2025) IMDb Rating (5.0) မက်ဂီနဲ့လီယိုတို့က စပိန်ကနေ အမေရိကားကိုလာရောက်အခြေချသူတွေဖြစ်ပြီး မက်ဂီက အခုချိန်မှာ ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေပါပြီ။ တစ်နေ့မှာတော့ လူသူမနီးတဲ့သူတို့ရဲ့အိမ်ကြီးကို မျက်နှာဖုံးစွပ်လူနှစ်ယောက်က ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး သူတို့အိမ်မှာ ငွေသားမရှိတဲ့အတွက် သူတို့နှစ်ယောက်ကို ဓားစာခံအဖြစ်ဖမ်းဆီးထားရင်း တနင်္လာနေ့ဘဏ်ဖွင့်ရက်ကိုစောင့်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့မသိခင် မက်ဂီယူဆောင်လာနိုင်ခဲ့တဲ့ စောင့်ကြည့်ကိရိယာကတစ်ဆင့်သိလိုက်ရတာကတော့ ဒီလူနှစ်ယောက်ဟာ သူတို့လက်ထဲကိုငွေရောက်တာနဲ့ မျက်မြင်သက်သေမချန်ပဲ သူတို့လင်မယားကိုအပြတ်ရှင်းတော့မယ်ဆိုတာပါပဲ။ နေ့စေ့လစေ့မိန်းမတစ်ယောက်၊ အသက်ကြီးကြီးစိတ်ကုဆရာဝန်တစ်ယောက်တို့ လူငယ်လူရွယ်လက်နက်ကိုင်နှစ်ယောက်လက်က ဘယ်လိုလွတ်အောင်ရုန်းထွက်ကြမလဲ? စပိန် Thriller တို့ထုံးစံ ဇာတ်လမ်းက ဒီလောက်ရိုးရှင်းမနေပါဘူး။ ထုံးစံအတိုင်း လှည့်ကွက်တွေအထပ်ထပ်နဲ့ သဲထိတ်ရင်ဖိုခံစားကြည့်ရှုရမယ့်ဇာတ်ကားပါပဲ။ File size… (800 MB) / (500 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:22:35 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း