ဇာတ်ကားများ ရွေးရန်

The Signal

2014ဇာတ်ကားအမှတ် 6.0/1097 မိနစ်

MIT ကျောင်းသားသုံးယောက်ဖြစ်တဲ့ နစ်၊ ဟေလေနဲ့ ဂျိုနာတို့ဟာ ကျောင်းရဲ့ ကွန်ရက်ဆာဗာကို ဟက်ခ်သွားတဲ့ နော်မတ်ဆိုသူကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လိုက်ရှာနေကြပါတယ်။ တစ်နေ့မှာ နော်မတ်ရဲ့ IP လိပ်စာကို ရလာတော့ အဲဒီလိပ်စာညွှန်တဲ့ နီဗားဒါးသဲကန္တာရထဲက နေရာတစ်ခုဆီ ဟက်ကာကို ဖမ်းဖို့ ထွက်လာကြတယ်။ ဒါပေမဲ့ လိပ်စာအတိုင်း ရောက်သွားတဲ့အချိန်မှ သူတို့ကို ထောင်ချောက်ဆင်ထားမှန်း သိလိုက်ရပါတယ်။ ဟက်ကာကို လိုက်ရှာရာကနေ မမျှော်လင့်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ကိုယ်တိုင်ရင်ဆိုင်ရတော့တာပါ။ ၂၀၁၄ ခုနှစ်ထွက် သိပ္ပံစိတ်ကူးယဉ်သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပြီး DC's Titans မှာ ဒစ်ဂရေဆင်အဖြစ် ပါဝင်တဲ့ Brenton Thwaites နဲ့ Ready Player One ထဲက Olivia Cooke တို့ အဓိကသရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း