ဇာတ်ကားများ ရွေးရန်

A Tooth Fairy Tale

2025ဇာတ်ကားအမှတ် 10.0/1088 မိနစ်

A Tooth Fairy Tale (2025) ++++++++++++++ ဒီကားကတော့ ကလေးကော လူကြီးပါ ပေါ့ပေါ့ပါးပါး ကြည့်လို့ရမယ့် အန်နီမေးရှင်း မှော်ဆန်ဆန် Family Fantasy ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ သွားနတ်သူငယ် (Tooth Fairy) ပုံပြင်ဟောင်းတွေကို ပုံစံအသစ်နဲ့ ဆန်းဆန်းပြားပြား ပြန်ပြောင်းပြီး သူငယ်ချင်းသံယောဇဉ်နဲ့ စည်းလုံးညီညွတ်မှုကို အသားပေး ရိုက်ကူးထားတာပါ။ ဒီမှော်ကမ္ဘာကြီးမှာ သွားနတ်သူငယ်တွေက လူ့လောကက ကလေးတွေရဲ့ ထွက်ကျလာတဲ့ သွားလေးတွေကို လိုက်သိမ်းပြီး မှော်မှုန့် (Fairy Dust) ချက်ကြပါတယ်။ အဲဒီသွားတွေကို မြေအောက်က ဂေါ်ဘလင် (Goblin) လေးတွေဆီ ပြန်ရောင်းပြီး ရွှေဒင်္ဂါးတွေနဲ့ လဲကြတာပေါ့။ စီးပွားရေးအရ တစ်ဖက်နဲ့တစ်ဖက် မှီခိုနေကြပေမယ့် ရှေးရိုးစွဲအစွဲတွေနဲ့ ရှေးဟောင်းပုံပြင်တွေကြောင့် တစ်ဖက်နဲ့တစ်ဖက်မယုံကြဘဲ သီးခြားစီ ခွဲနေကြတာ ကြာပါပြီ။ ဇာတ်လမ်းက သွားနတ်သူငယ်ဘုရင်ရဲ့ သား၊ အမြဲတမ်း စည်းကမ်းဖောက်ဖျက်ချင်တဲ့ ဗန် (Van) ဆိုတဲ့ ဆယ်ကျော်သက် သွားနတ်သူငယ်လေးကနေ စတာပါ။ သူက သွားလိုက်ကောက်ရမယ့် သူ့ရဲ့ ပထမဆုံးတာဝန်မှာ ငြီးငွေ့လို့ မသွားရတားမြစ်ထားတဲ့နယ်မြေထဲကို ခိုးဝင်သွားခဲ့ပါတယ်။ အဲဒီမှာ သိပ္ပံပညာကို ဝါသနာပါပြီး သတ္တိရှိတဲ့ ဂျင်မာ (Gemma) ဆိုတဲ့ ဂေါ်ဘလင်မိန်းကလေးနဲ့ ဆုံတာပေါ့။ လူကြီးတွေပြောသလို ဂေါ်ဘလင်တွေက ကြောက်စရာမကောင်းမှန်း သိသွားပြီး သူတို့နှစ်ယောက် သူငယ်ချင်းဖြစ်သွားကြပါတယ်။ သူတို့နှစ်ယောက်နဲ့အတူ ရူပီ (Rupee) ဆိုတဲ့ ချစ်စရာထရိုးလ် (Troll) ကောင်လေးပါ ပေါင်းမိပြီးတဲ့နောက် ကမ္ဘာကြီးအတွက် တကယ့်ဘေးအန္တရာယ်ကြီးကို ရှာဖွေတွေ့ရှိသွားကြပါတယ်။ အဲဒါကတော့ လောဘကြီးတဲ့ ပင့်ကူဘုရင်မကြီး မော်တီနာ (Mortina) နဲ့ သူ့ရဲ့ ပင့်ကူစစ်တပ်ကြီးက သွားနတ်သူငယ်လောကကော၊ ဂေါ်ဘလင်လောကကိုပါ တိုက်ခိုက်သိမ်းပိုက်ဖို့ ကြံစည်နေတာပါပဲ။ ဒီဘေးအန္တရာယ်ကနေ အတူတူလွတ်မြောက်ဖို့အတွက် ဗန်တို့သူငယ်ချင်းတစ်သိုက်ဟာ အမြဲတမ်း ရန်ဖြစ်ပြီး မယုံသင်္ကာဖြစ်နေကြတဲ့ သူတို့ရဲ့ မျိုးနွယ်စုနှစ်ခုလုံးကို အတိတ်က အာဃာတတွေ ဘေးဖယ်ထားပြီး အတူတူလက်တွဲတိုက်ပွဲဝင်ဖို့ ဘယ်လိုမျိုး စည်းရုံးကြမလဲဆိုတာကို ရင်ခုန်စရာ၊ ပျော်စရာ ကြည့်ရမှာ ဖြစ်ပါတယ်။ Twilight ဇာတ်ကားတွေထဲက ဝံပုလွေအဖွဲ့ဝင်အဖြစ် လူသိများတဲ့ မင်းသား Booboo Stewart က ဗန်အဖြစ် အသံသရုပ်ဆောင်ထားပြီး၊ ဗီလိန် ပင့်ကူဘုရင်မကြီးနေရာမှာတော့ ဝါရင့်ဟာသသရုပ်ဆောင် Fran Drescher က အသံသွင်းပေးထားပါတယ်။ File Size… (1.66GB) / (949MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 30m Genre ….Adventure , Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း