ဇာတ်ကားများ ရွေးရန်

Doom Doom

2022ဇာတ်ကားအမှတ် 5.0/10112 မိနစ်

အီနာဟာ စိတ်တုန်လှုပ်လွယ်ပြီး အစိုးရိမ်လွန်တတ်တဲ့ အမေနဲ့အတူ နေနေရပါတယ်။ သူ့မှာ သမီးငယ်တစ်ယောက်ရှိပေမယ့် အမေမသိအောင် ဖုံးကွယ်ထားရပြီး အမေ့အသိ အဒေါ်တစ်ယောက်ဆီမှာ ကလေးကို အပ်ထားရတယ်။ အဲဒီလို အခြေအနေတွေကြားမှာ အီနာ့ဘဝက ဖိအားတွေနဲ့ ပြည့်နေပါတယ်။ တစ်ချိန်က နာမည်ကြီး ကလပ်ဒီဂျေတစ်ယောက်ဖြစ်ခဲ့တဲ့ အီနာဟာ အခုတော့ Call Center မှာ အော်ပရေတာလုပ်နေတယ်။ အမေပြောတဲ့ သာမန်ဘဝလေးအတိုင်း နေထိုင်နိုင်ဖို့ ကြိုးစားနေတုန်း တစ်နေ့ လမ်းလျှောက်လာရာက တီးလုံးသံတွေကို ကြားလိုက်ရပါတယ်။ အဲဒီအသံတွေက သူ့ရင်ကို ပြန်လှုပ်ခတ်စေပြီး ဒီဂျေလောကထဲ ပြန်ဝင်ဖို့ ကြိုးစားလာတော့တယ်။ အီနာတစ်ယောက် သူ့အိပ်မက်တွေကို ပြန်အသက်သွင်းနိုင်ပါ့မလား။ အမေမသိအောင် ဖုံးကွယ်ထားရတဲ့ သမီးလေးကိစ္စကိုရော ပြေလည်အောင် ဖြေရှင်းနိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း