On the Beach
On the Beach (1959 ) ဟာ နာမည်ကျော် မင်းသားကြီး Geogery Peck နဲ့ Alfred Hitchcock ရဲ့ နာမည်ကျော် Psycho(1960) ရဲ့ ဇာတ်လိုက်ကျော် မင်းသားကြီး Anthony Perkins တို့လို့ ဟောလိဝုဒ်ဂန္ဓဝင်တွေ ပါဝင်ထားတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ လပိုင်းအတွင်း အဆုံးသတ်တော့မယ်ဆို ခင်ဗျားဘာလုပ်မလဲ။ ...ချစ်တဲ့သူတွေကို မပြောဖြစ်ခဲ့တဲ့ ချစ်ကြောင်းပြောမလား၊ချစ်မိနေသူကို မပြောရဲခဲ့တဲ့ ဖြစ်ကြောင်း ပြောမလား၊ဒါမှမဟုတ် နောက်ဆုံးအချိန်တွေမှာ ကိုယ်ဝါသနာပါတာတွေ ၊မလုပ်ခဲ့ရတာတွေ လုပ်ရင်း ကုန်ဆုံးသွားမလား၊ဒါမှမဟုတ် ဥပဒေဆိုတာ ဟာသဖြစ်သွားတဲ့ လောကကြီးမှာ ပဋိပက္ခတွေ ဖန်တီးပြီး အကြမ်းဖက်မလား။ ဒီကားအစမှာ အဏုမြူစစ်ပွဲကြောင့် ကမ္ဘာကြီး ပျက်သုဥ်းသွားပြီး ဘေးကင်းကျန်ခဲ့တဲ့နေရာဆိုလို့ ဩစတေးလျတိုက်ပဲ ရှိပါတော့တယ်။ဒါပေမယ့် ကမ္ဘာအနှံ့ရေဒီယိုသတ္တိကြွမှုတွေဟာ ဩစတေးလျဆီ ပျံ့လွင့်လာနေပြီဖြစ်ပြီး လက်ကျန်လူသားအားလုံး အဏုမြူဆိပ်သင့် မရှုမလှသေပွဲဝင်ဖို့ လပိုင်းသာလိုတော့တာ ဖြစ်ပါတယ်။ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်း တစ်ခုတည်းသော လူ့အဖွဲ့အစည်းကျန်ရှိရာ ဩစတေးလျတိုက်ကို အရောက်လာခဲ့တဲ့ အမေရိကန်ရေတပ်ရေငုပ်သဘော်ဆောဖစ်ရှစ်ရဲ့ ကပ္ပတိန် ဒွိုက်တာဝါ( Geogery Peck)၊ သူ့ကို ဧည့်ခံဖို့ တာဝန်ပေးခြင်းခံရတဲ့ ဩစတေးလျရေတပ်ဗိုလ်ပီတာ၊ပီတာရဲ့ ဇနီးသည် မေရီနဲ့မွေးကင်းစသမီးလေး ဂျနီဖာ၊ပီတာနဲ့ မေရီတို့ရဲ့ အကူအညီတောင်းမှုနဲ့ ဒွိုက်ကို အဖော်ပြုပေးဖို့ ဖြစ်လာတဲ့ တစ်ကိုယ်တည်းသမား မော်ရာ၊ သူတို့ရဲ့ ဘဝလက်ကျန်နောက်ဆုံးအချိန်ကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ဖြတ်သန်းကြတာကို ကြည့်ရမှာပါ။ ဇာတ်လမ်းကတော့ ရိုးရိုး လေးပါပဲ...ဒါပေမယ့် ဒီဇာတ်လမ်းကပဲ ခင်ဗျားကို အတွေးပေါင်းစုံပေးနိုင်ပါလိမ့်မယ်.. အခုနေများ နျူကလီယားပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ကနေ အရူးထပြီး ခလုပ်နှိပ်လိုက်ရင် ဖြစ်လာမယ့် ကျွန်တော်တို့ရဲ့ အခြေအနေက ကြည့်ဖူးနေကြ အပျော်ကြည့် သိပ္ပံပညာ စိတ်ကူးယဉ်ကားတွေထက် ဒီဇာတ်လမ်းထဲက အဖြစ်တွေနဲ့ အနီးစပ်ဆုံးတူနေပါလိမ့်မယ်။ ဒီကားထဲက အကြိုက်ဆုံးစာသားကတော့ ဘာလို့ဒီလိုကပ်ဘေးကြီး ဖြစ်ရလဲ မေးလိုက်တာကို ဒွိုက်တာဝါ ပြန်ဖြေလိုက်တဲ့" ကိုယ့်ကိုယ်ကို အဆုံးမစီရင်ပဲ သုံးလို့မရတဲ့ လက်နက်တွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးနိုင်မယ်လို့ ယုံကြည်နေကြတဲ့ အရူးတွေကြောင့်ပေါ့" ဆိုတဲ့ စကားပါပဲ။
ဇာတ်လမ်းအကြောင်း