ဇာတ်ကားများ ရွေးရန်

Lethal Desire

2025ဇာတ်ကားအမှတ် 5.5/1090 မိနစ်

Lethal Desire (2025) ++++++++ ဒီတစ်ခါမှာတော့ 2025 ခုနှစ်ထွက် သည်းထိပ်ရင်ဖို အိမ်ထောင်ရေး ဇာတ်ကားကောင်း တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကတော့ နွမ်းခြောက်နေတဲ့ အိမ်ထောင်ရေးကို ပြန်လည်အသက်သွင်းဖို ဘေးအိမ်က စုံတွဲနဲ့ ပတ်သက်မိရာကနေ ရှင်းမရတဲ့ အရှုပ်တွေ ဖြစ်လာတဲ့အကြောင်းပါပဲ ။ ဂျူလီယန်နဲ့ အေဗာတို ဇနီးမောင်နှံဟာ အသက်မပါတဲ့ အိမ်ထောင်ရေးဘဝကို ဖြတ်သန်းလာခဲ့ရတာ တစ်နှစ်ကျော်လောက် ရှိခဲ့ပြီဖြစ်ပါတယ် ။ အဲဒါကြောင့်ပဲ ဂျူလီယန် ရာထူးတိုးသွားတာနဲ့အတူ အပြောင်းအလဲဖြစ်အောင် သီးသန့် ဆိတ်ငြိမ်ရပ်ကွက်တစ်ခုကို ပြောင်းလာရာကနေ သီအို ၊ မက်ကန်ဇီတို ဇနီးမောင်နှံနဲ့ အိမ်နီးချင်းတွေဖြစ်ခဲ့ပါတော့တယ် ။ သူတို အိမ်ထောင်ရေးကို ပြန်လည်ရှင်သန်ချင်တဲ့ အေဗာက မက်ကန်ဇီတိုဆီကနေ အကြံယူရင်းနဲ့ သူတို စုံတွဲ နှစ်တွဲက ပူးပေါင်းမိသွားပါတော့တယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ ဂျူလီယန် နဲ့ မက်ကန်ဇီမရှိတဲ့အချိန်မှာ သီအို ရုတ်တရက်ကြီး ဆုံးသွားခဲ့ပြီး အေဗာက လူသတ်တရားခံအဖြစ် စွပ်စွဲခံလိုက်ရပါတော့တယ် ။ အဲဒီအခါ သူတို ဆက်ဆံရေးတွေ ဘယ်လိုပြောင်းလဲလာမလဲ ။ အေဗာရဲ့ ခင်ပွန်း ဂျူလီယန်ကရော အေဗာကို ယုံပေးနိုင်ပါ့မလား ။ သီအိုကိုရော ဘယ်သူသတ်သွားတာလဲ ။ အဲဒီနောက်ကွယ်မှာ ဘာတွေရှိနေသေးလဲ ဆိုတာကတော့ lethal desire ဆိုတဲ့ ရုပ်ရှင်မှာ စိတ်ဝင်တစားနဲ့ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ် ။ File Size… (947MB) / (522MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 27m Genre … Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း