ဇာတ်ကားများ ရွေးရန်

The Most Dangerous Game

2022ဇာတ်ကားအမှတ် 5.1/1095 မိနစ်

ရိန်းဖို့ဒ်ဟာ ဖခင်နဲ့ နာမည်ကျော်မုဆိုးမိတ်ဆွေတစ်စုတို့နဲ့အတူ ကိုဒီယက်ဝက်ဝံတွေကို အမဲလိုက်ဖို့ ကိုဒီယက်ကျွန်းဆီ ရေကြောင်းခရီးထွက်လာပါတယ်။ လမ်းမှာ သင်္ဘောပျက်သွားတာကြောင့် ကျွန်းတစ်ကျွန်းပေါ် ရောက်သွားကြတယ်။ အဲဒီကျွန်းက သင်္ဘောတွေ မကြာခဏပျက်တတ်တဲ့နေရာလို့ နာမည်ရထားပြီး ဂျာမန်စစ်ပြန်တစ်ယောက်နဲ့ သူ့တပည့် နေထိုင်နေကြပါတယ်။ ဂျာမန်စစ်ပြန်ကလည်း အမဲလိုက်ဝါသနာပါသူဖြစ်ပြီး ကမ္ဘာပေါ်မှာ အမဲလိုက်ရအခက်ဆုံး သားကောင်ကို ဒီကျွန်းမှာ လိုက်ဖို့ ရိန်းဖို့ဒ်တို့ကို ဖိတ်ခေါ်တယ်။ ဘယ်လိုသားကောင်မျိုးလဲဆိုတာ ရိပ်မိလာတဲ့အခါ သူတို့က ငြင်းလိုက်ကြပါတယ်။ ဒါပေမဲ့ ငြင်းရုံနဲ့ လွတ်မြောက်သွားတာမျိုး မဟုတ်ဘဲ ရိန်းဖို့ဒ်ဟာ သုံးရက်ကြာမယ့် အမဲလိုက်ကစားပွဲထဲ အတင်းအကျပ် ပါဝင်ရတော့တယ်။

ဇာတ်လမ်းအကြောင်း