A Dangerous Woman
90’s ကာလတွေရဲ့ ဇာတ်ကားဟောင်းတစ်ပုဒ်ကို တင်ဆက်ပေးပါရစေ..။ ဒါရိုက်တာကတော့ Stephen Gyllenhaal ဖြစ်ပြီး မင်းသား Jake Gyllenhaal နဲ့ မင်းသမီး Maggie Gyllenhaal တို့ အဖေလည်း ဖြစ်ပါတယ်ဗျာ။ အဲဒါကြောင့် နှစ်ယောက်သား ငယ်ငယ်ရွယ်ရွယ်နဲ့ ခဏတဖြုတ် ပါဝင်သရုပ်ဆောင်ပေးထားပါသေးတယ်။ ဇာတ်လမ်းလေးကတော့ မာသာဆိုတဲ့ အမျိုးသမီးလေးက ဉာဏ်ရည်ပိုင်း နည်းနည်းဖွံ့ဖြိုးမှုအားနည်းတဲ့ပုံစံမျိုးပါ။ ဒီတော့ လူတွေနဲ့ဆက်ဆံတာ ဘာညာ အခက်အခဲလေးရှိတယ်ပေါ့။ တစ်ခုခုဆို အမှန်တရားကိုပဲပြောတတ်တဲ့သူမျိုး။ သူနဲ့အတူနေတာက အသက်သိပ်မကွာတဲ့ အဒေါ်ဖြစ်သူ။ တစ်ရက်ကျ သူ့အလုပ်ထဲမှာ သူ့ရဲ့တစ်ခုခုဆို အမှန်ပဲပြောတတ်တဲ့အကျင့်ကြောင့် အလုပ်ထုတ်တာခံလိုက်ရတယ်။ အလုပ်ထဲက သူများတွေ မသမာတာကိုမြင်လို့ ပြောလည်းပဲ အကုန်လုံးက သူ့ကိုပဲ လက်ညိုးထိုးကဲ့ရဲ့ကြတာပေါ့။ ဒီလို အပယ်ခံဘဝလေးထဲကို ဝင်ရောက်လာတာက သူ့အဒေါ်က အိမ်ပြင်ဖို့ဆိုပြီး လက်သမားဆရာရှာရာကနေ ကားတစ်စီးနဲ့ အရက်သမား ကြုံရာကျပန်းလုပ်တဲ့သူ မက်ခ်ကီဆိုတဲ့ယောက်ျားသားတစ်ယောက်။ အဲဒီမှာ မာသာ့အနေနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ်ဗျာ…။
ဇာတ်လမ်းအကြောင်း