The Goldsmith's Secret
The Goldsmith's Secret (2025) +++++++++++++ ဂျာမန် အတွေးအခေါ်ပညာရှင် နီရှေးရဲ့ "eternal return" ဆိုတဲ့ အတွေးအခေါ်ကို ကြားဖူးကြလား။ အဲဒါကဘာလဲဆိုတော့ "ကိုယ့်ဘဝကို အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ ပြန်လည် ရှင်သန်နေထိုင်ရမယ်ဆိုရင် ဘယ်လိုခံစားရမလဲ"လို့မေးခွန်းထုတ်ထားတဲ့အတွေးအခေါ်တစ်ခုပေါ့လေ။ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင် ပါဘလိုက အဲဒီ အတွေးအခေါ်ပေါ်မှာအခြေခံပြီး ဆင့်ပွားမေးခွန်းတစ်ခု ထပ်ထုတ်ခဲ့တယ်။ ကိုယ့်ဘဝကိုယ် အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါရှင်သန်ရမယ်ဆိုရင် ပြောင်းလဲလို့ရနိုင်မဲ့အရာတွေကို ပြောင်းလဲပစ်မလား.... ဒါမှမဟုတ် ကံကြမ္မာကိုပဲလက်ခံပြီး ဘာမှမပြောင်းလဲဘဲ နေမလားတဲ့။ သူ့ကို ဒီလိုတွေးမိသွားစေတာကတော့ ၁၉၇၀ခုနှစ်ရဲ့ နွေရာသီတစ်ခုမှာ ဆုံခဲ့မိတဲ့ အမျိုးသမီးတစ်ဦးကြောင့်ပေါ့။ အဲဒီအမျိုးသမီးက သူနဲ့ အသက် ၂၀လောက်ကွာတယ်။ လက်ထပ်မဲ့သတို့သားလောင်းက စွန့်ပစ်သွားလို့ မြို့ငယ်လေးထဲက လူတွေ အတင်းပြောစရာဖြစ်ခဲ့ရတဲ့ အမျိုးသမီးပေါ့။ အဲဒီအမျိုးသမီးက ပါဘလိုကိုပြောတယ် "ရှင်က ကျွန်မဆုံခဲ့ဖူးတဲ့ အမျိုးသားတစ်ယောက်နဲ့ နာမည်က အစချွတ်စွတ်တူနေတာ"တဲ့။ ဒီအမျိုးသမီးကိုမှ ချစ်မိသွားတဲ့ ၁၉နှစ်အရွယ် ပါဘလိုဟာ သူ့ဘဝရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံးဖြစ်တဲ့ နွေရာသီကို အဲဒီမြို့ငယ်လေးမှာ ဖြတ်သန်းကြုံတွေ့ခဲ့ရတယ်။ နှစ်ပေါင်း ၃၀ကြာပြီးလို့ ရွှေပန်းထိမ်ဆရာ တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ ပါဘလိုဟာ အဲဒီမြို့ငယ်လေးကို နောက်တစ်ခေါက်ပြန်သွားဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ကံကြမ္မာရဲ့ လှပတဲ့ ပြကွက်လေးတစ်ခုလို့ပဲ ဆိုရမလား၊ ပါဘလိုဟာ အဲဒီမြို့ငယ်လေးမှာပဲ သူချစ်ခဲ့ရတဲ့ အမျိုးသမီးနဲ့ နာမည်ကအစဆင်တူတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်နဲ့ ဆုံခဲ့ရပြန်တယ်။ အသစ်တွေအဟောင်းဖြစ်ပြီး၊ အဟောင်းတွေ အသစ်တဖန်ပြန်လည်ဖြစ်လာတဲ့ ကံကြမ္မာထဲ ပါဘလိုတစ်ယောက် ဘယ်လိုတွေခံစားရမလဲဆိုတာကို အပေါ်မှာ ပြောပြခဲ့တဲ့ နီရှေးရဲ့ "eternal return"ဆိုတဲ့ အတွေးအခေါ်နဲ့ ယှဉ်တွဲရိုက်ကူးပြထားတဲ့ အနှစ်သာရအပြည့်နဲ့ ရုပ်ရှင်ကားတစ်ကားပါ။ စာပေဆန်ဆန် ဒဿနတွေနဲ့ နူးညံ့တဲ့အချစ်ဇာတ်လမ်းကို ကဗျာတစ်ပုဒ်လို ပုံဖော်ထားတဲ့ ရုပ်ရှင်ဖြစ်လို့ အားလုံးပဲ ပါဘလိုနဲ့အတူ လိုက်ပါစီးမြောခံစားလိုက်ကြပါဦး။ File Size… (1.39GB) / (816MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 39m Genre … Drama , Romance Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း