Raise the Red Lantern
၁၉၂၀ ဝန်းကျင် တရုတ်ပြည်မှာ အသက် ၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ စွန်းလိန်ဟာ လူကုံထံသခင်ကြီးတစ်ယောက်ရဲ့ အိမ်ကို မောင်းမအဖြစ် ရောက်လာပါတယ်။ ဂေါင်လီ သရုပ်ဆောင်ထားတဲ့ စွန်းလိန်ရဲ့ဘဝကို တစ်နှစ်တာကာလအတွင်း လိုက်ပြထားပြီး ဇာတ်လမ်းအများစုက အိမ်တော်ဟောင်းကြီးထဲက မောင်းမလေးယောက်ကြားမှာ ဖြစ်ပျက်နေတာပါ။ ရှေးရိုးစည်းကမ်းတွေ တင်းကျပ်တဲ့ ဒီအိမ်တော်မှာ သခင်ကြီးနဲ့ ညအတူနေရမယ့် မောင်းမရဲ့ အိမ်ခွဲမှာ မီးပုံးနီတွေ ချိတ်ဆွဲပေးကြပါတယ်။ ရွေးချယ်ခံရသူက အဲဒီညမတိုင်ခင် ခြေထောက်အနှိပ်ခံရသလို နောက်နေ့အတွက် ဟင်းလျာစာရင်းကိုပါ စိတ်ကြိုက်စီမံခွင့်ရတယ်။ ကျန်တဲ့မောင်းမတွေကတော့ အဲဒီအခွင့်အရေးတွေ မရကြပါဘူး။ ဒီလိုနဲ့ သခင်ကြီးရဲ့ ရွေးချယ်မှုကို ရဖို့ မောင်းမတွေ အချင်းချင်း အားပြိုင်လာကြတယ်။ တစ်ယောက်ထက်တစ်ယောက် အသာရအောင် လှည့်ကွက်တွေသုံးကြပြီး ချောက်ချတာ၊ ကောက်ကျစ်တာတွေပါ ရှိလာပါတယ်။ အဲဒီကြားကို ရောက်လာတဲ့ စွန်းလိန်အတွက် ရန်သူလို့ထင်သူက မိတ်ဆွေဖြစ်နေတတ်သလို မိတ်ဆွေလို့ထင်ထားသူကလည်း ရန်သူဖြစ်နေတတ်တယ်။ သူတစ်ပါးရဲ့ လှည့်ကွက်တွေနဲ့ ကိုယ့်လှည့်ကွက်တွေကြားက တစ်နှစ်တာဟာ တစ်ဘဝစာလောက် ပင်ပန်းစေတဲ့ကာလဖြစ်လာပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးသူ ကျန်းရိမူဟာ To Live၊ Hero၊ House of Flying Daggers၊ The Flowers of War၊ Under the Hawthorn Tree နဲ့ Shadow တို့ကိုလည်း ရိုက်ကူးခဲ့သူပါ။ တရုတ်ပြည်မရုပ်ရှင်ရဲ့ ပဉ္စမမျိုးဆက် ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး တရုတ်ရုပ်ရှင်တွေကို နိုင်ငံတကာက ပိုသိလာစေခဲ့သူတွေထဲမှာ ပါဝင်ပါတယ်။ သူ့အစောပိုင်းလက်ရာတချို့မှာ ရှေးတရုတ်လူနေမှုဘဝကို ဇာတ်အိမ်တည်လေ့ရှိပြီး ရုပ်ပုံဖွဲ့စည်းမှုနဲ့ အရောင်အသုံးအနှုန်းကို အလေးထားတတ်တယ်။ ဒီကားမှာလည်း အိမ်တော်ရဲ့ နေထိုင်မှုစနစ်ကို ရုပ်ပုံတွေနဲ့ ပုံဖော်ထားပြီး တခြားဇာတ်ကောင်တွေကို ထင်ထင်ရှားရှား ပြပေမယ့် သခင်ကြီးကိုတော့ ရှင်းရှင်းလင်းလင်း မြင်ရအောင် မပြထားပါဘူး။ မီးပုံးနီတွေကို စည်းမျဉ်းတွေနဲ့ အဲဒီစည်းမျဉ်းတွေအောက်က လူတွေ လွယ်လွယ်မလွတ်မြောက်နိုင်အောင် ထိန်းချုပ်ထားတဲ့ အာဏာရဲ့ နိမိတ်ပုံအဖြစ် ဖတ်ရှုကြပါတယ်။ တရုတ်ပြည်မမှာ ပြသခွင့်ပိတ်ပင်ခံခဲ့ရပြီး အနောက်နိုင်ငံက ဝေဖန်ရေးဆရာတွေရဲ့ အသိအမှတ်ပြုမှု ရရှိခဲ့သလို အော်စကာဆန်ကာတင်စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း