Water for Elephants
ပိုလန်ကနေ ပြောင်းရွှေ့လာတဲ့ မိသားစုက သားဖြစ်သူ ဂျေကော့ ဂျန်ကော့စကီးဟာ တိရစ္ဆာန်ဆေးကုဆရာဝန်ဖြစ်ဖို့ နောက်ဆုံးစာမေးပွဲ ဖြေနေပါတယ်။ အဲဒီအချိန်မှာပဲ ဘဝအလှည့်အပြောင်းတစ်ခု ကြုံလာရပြီး စီစဉ်ထားသမျှ ပျက်သွားကာ လေလွင့်တဲ့ဘဝကို ရောက်သွားတယ်။ ဦးတည်ရာမရှိ လမ်းတွေပေါ် လျှောက်သွားနေရင်း ရထားတစ်စီးကို မြင်တော့ ပြေးတက်လိုက်ပါတယ်။ အဲဒီကစပြီး ဘာတွေ ဆက်ကြုံရမလဲ၊ ရှင်သန်ဖို့ မျှော်လင့်ချက်တွေ ဘယ်လိုပြန်ရလာမလဲဆိုတာကို ဆပ်ကပ်အဖွဲ့သားတွေရဲ့ ဘဝတွေနဲ့အတူ ပြထားပါတယ်။ Robert Pattinson၊ Christoph Waltz နဲ့ Reese Witherspoon တို့ ပါဝင်ထားတဲ့ အချစ်ဒရာမာကားပါ။ ဖြစ်ရပ်မှန်တချို့ကို စိတ်ကူးယဉ်ဇာတ်လမ်းနဲ့ ပေါင်းစပ်ထားပြီး ဆပ်ကပ်လောကအကြောင်း ရိုက်ထားပေမယ့် ဂီတဇာတ်ကားတော့ မဟုတ်ပါဘူး။ ရုံဝင်ငွေအရလည်း အောင်မြင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း