Kuramerukagari
Kuramekagari (2024) ဒီဇာတ်လမ်းကတော့ ရှေ့မှာ အရင်ထွက်ရှိထားတဲ့ Kurayukaba ရဲ့ spin off anime လေးဖြစ်ပြီး တူညီတဲ့ စတူဒီယို၊ ဒါရိုက်တာနဲ့ ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Setting ချတဲ့ universe ပဲတူပြီး ဇာတ်ဆောင်တွေရော၊ ဇာတ်လမ်းရော ကွဲတာကြောင့် Kurayukaba ကိုမကြည့်ရသေးလည်း ဒီကားလေးကို ကြည့်လို့ရပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကမ္ဘာငယ်လေးလို့တဲ့ခေါ်တဲ့ သတ္တုတွင်းမြို့ကို Taihei ဆိုတဲ့ စက်မှုလုပ်ငန်းက အုပ်စိုးပြီး ထူးဆန်းတဲ့ မြေအောက်ပေါက်ကြီးတွေနဲ့ တူးမြောင်းတွေကြောင့်ဝင်္ကပါကြီးလို ဖြစ်နေတာပါ။ Kagari နဲ့ Yuya ဆိုတာ အဲဒီမြေအောက်ပေါက်တွေထဲမှာ လမ်းတွေရှာရင်း မြေပုံဆွဲတဲ့သူတွေဆိုပေမယ့် Yuya ကတော့ မြို့ကနေ ထွက်သွားချင်နေခဲ့တာပါ။ ဒီလိုနဲ့ တစ်နေ့မှာ Kagari တစ်ယောက် Yuya ကိုလိုက်ရှာရင်း မြေအောက်အဖွဲ့အစည်းတစ်ခုက မြို့ကိုပျက်စီးစေနိုင်တဲ့ အရာတစ်ခုကို ကြိတ်ပြီးကြံစည်နေတယ်ဆိုတာကို မြင်ခဲ့ရပါလေရော။ ဒါပေမယ့် တစ်ခုရှိတာက မြေအောက်ကနေ မြို့ပေါ်ကိုရောက်နိုင်ဖို့ အဓိကလိုအပ်တဲ့အရာက မြေပုံပါပဲ။ ဒီတော့ အဲဒီအတွက် မြေပုံကရော ဘယ်သူ့ဆီက ရမှာလဲ၊ မြို့ပေါ်က အဖွဲ့အစည်းကရော အဲဒီတိုက်ခိုက်မှုကြီးကို ခုခံနိုင်ပါ့မလားဆိုတာ မထင်ထားတဲ့ လှည့်ကွက်တွေ၊ ဇာတ်ကောင်တွေနဲ့ စိတ်ဝင်စားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Kurayukaba နဲ့ မတူတာကတော့ နှစ်ကားလုံးက ဝင်္ကပါလိုပြောင်းလဲနေတဲ့ မြို့တွေမှာ ဇာတ်အိမ်တည်ထားတာဆိုပေမယ့် ပထမကားကတော့ စုံထောက်နဲ့ စစ်ဆေးရေးတွေကို အသားပေးဖန်တီးထားပြီး ဒုတိယကားကတော့ မြေပုံဆွဲသူတွေနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေကြားက တိုက်ခိုက်မှုကို အဓိက ရိုက်ထားတာကြောင့် အမိုက်စား action ခန်းတွေ ပိုပြီးပါဝင်တာကြောင့် ပျင်းဖို့ကောင်းမှာတော့ မဟုတ်ပါဘူး။
ဇာတ်လမ်းအကြောင်း