ဇာတ်ကားများ ရွေးရန်

The Challenge

1982ဇာတ်ကားအမှတ် 5.9/10109 မိနစ်

The challenge ဆိုတဲ့ကားကတော့ အနောက်တိုင်းသားအမေရိကန်တစ်ယောက်ရဲ့ ဂျပန်ရိုးရာတိုက်ခိုက်ရေးလောကထဲကို မမျှော်လင့်ဘဲရောက်ရှိသွားပုံကိုရိုက်ကူးထားတဲ့ ၁၉၈၀ နှစ်တွေရဲ့ အက်ရှင်ဒရာမာ( Action-Drama)ကားတွေထဲက အကောင်းဆုံးတစ်ကားဖြစ်ပါတယ်။ ဒီကားမှာ နာမည်ကြီး အက်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ Scott Glenn နဲ့ ကမ္ဘာကျော်ဂျပန်အက်ရှင်သရုပ်ဆောင်Toshirō Mifune တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း--------- ရစ်ခ်မာဖီဆိုတဲ့အမေရိကန်လက်ဝှေ့သမားတစ်ယောက်ဟာ ရိုးရာလူမျိုးတစ်စုရဲ့ တန်ဖိုးကြီးဂျပန်ဆာမူရိုင်းဓားတစ်လက်ကို အမေရိကန်ကနေ ဂျပန်နိုင်ငံအထိ လျှို့ဝှက်သယ်ဆောင်ဖို့ အလုပ်ကို လက်ခံရရှိခဲ့ပါတယ်။ ဂျပန်ရောက်တဲ့အခါမှာတော့ ရစ်ခ်ဟာ ဓားတစ်စုံကို အကြောင်းပြုပြီး သွေးကြွေးဆပ်ရမယ့် ရန်ငြိုးတွေရှိနေတဲ့ ညီအစ်ကိုနှစ်ယောက်ကြားထဲ ပါဝင်လာရပြီး ပိုက်ဆံရရင်ဘာမဆိုလုပ်မယ့်လက်ဝှေ့တစ်မားတစ်ယောက်ကနေ ဂုဏ်သိက္ခာကိုတန်ဖိုးထားတဲ့ သူရဲကောင်းတစ်ယောက်ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကတော့ အက်ရှင်အတိုက်အခိုက်တွေနဲ့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။ ဒီကားဟာ၁၉၈၀ ခုနှစ်တွေရဲ့ အက်ရှင်ဇာတ်ကားကောင်းတွေနဲ့ ကိုယ်ခံပညာသိုင်းကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း