Chiquita
Chiquita (2025) ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်လွင့်ခဲ့တဲ့ ဒီ Chiquita ဆိုတဲ့ဇာတ်ကားကတော့ လူတစ်ယောက်ရဲ့ ဘဝအတွေ့အကြုံကြောင့် စိတ်နေသဘော အကျင့်စရိုက် ပြောင်းလဲလာပုံကိုဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ချားလ်စ်ဆိုတဲ့ အသက် ၆၀ အရွယ်ရှိတဲ့ လမ်းသရဲဆန်ဆန် ဆိုင်ကယ်စီးရတာကို ခုံမင်တဲ့အမျိုးသားဟာ တစ်နေ့မှာ သူ့ရဲ့ဝါသနာကို စိတ်ကုန်လို့ အမျိုးသမီးဖြစ်သူရဲ့ ကွာရှင်းခြင်းကိုခံလိုက်ရပါတယ်။ ဒီလိုနဲ့ အသေးစားမတော်တဆမှုလည်းဖြစ်ထားရုံတင်မက အသက်အရွယ်ရမှ ရင်ကွဲနာကျရတဲ့ဝေဒနာကို ခံစားလိုက်ရတဲ့ ချားလ်စ်ဟာ လောကကိုစိတ်ကုန်ပြီး ဆိုင်ကယ်မောင်းရင်းပဲ လေနှင်ရာ ခြေဦးတည်တော့မယ်ဆိုပြီး ခရီးထွက်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ညအချိန်တစ်ခုမှာ တောင်ကမ်းစောင်းကိုရောက်သွားလို့ ဝင်ရိုးစွန်းရောင်စဉ်တန်းတွေရဲ့အလှတရားကိုခံစားရင်း ငိုက်မျည်းကျသွားတဲ့အခါ ညအချိန်ရုတ်ချည်းဆိုသလို အိမ်မက်လိုလို တကယ်လိုလိုနဲ့ လန့်နိုးလာခဲ့ပြီး သူ့နားမှာ အမျိုးသမီးငယ်တစ်ယောက်ရှိနေတာကိုသတိထားမိပါတယ်။ ဒါပေမဲ့ ချားလ်စ်ဟာ လန့်မသွားဘဲ အဲဒီအမျိုးသမီးငယ်က ပြောခဲ့တဲ့ စကားကြောင့် သံဝေဂရပြီး မနှောစိတ်အလိုကို ရှာဖွေဖို့ ဘဝခရီးစထွက်ဖို့ဖြစ်လာခဲ့ပါတယ်။ ချားလ်တစ်ယောက် လောကဓံရဲ့ ရိုက်ခတ်မှုကြောင့် ဘယ်လိုမျိုးပြောင်းလဲသွားလဲ။ ယေဘူယျအားဖြင့်လည်း လူတွေဆိုတာ ကိုယ့်ရဲ့မာန်မာနအကုန် ရိုက်ချိုးခံရတဲ့ လောကဓံရဲ့ထိုးနှက်မှုကိုခံရတဲ့အချိန်ကျမှ အတွင်းစိတ်တကယ်ပြောင်းလဲသွားတတ်တာကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးထားတာဖြစ်လို့ စဉ်းစားတွေးခေါ်ရတာကြိုက်တဲ့သူများအတွက်တော့ ဒီဇာတ်ကားလေးဟာ သုတကောရသပါပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်လို့ဆိုရမှာပါ။ File size… (540 MB) / (260 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Mystery Duration…. 00:46:41 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း