The Wonder
၁၈၆၂ ခုနှစ်မှာ အင်္ဂလန်က ကျွမ်းကျင်သူနာပြု မစ္စစ်ရွိုက်ဟာ အလုပ်ကိစ္စနဲ့ အိုင်ယာလန်ရွာငယ်တစ်ရွာကို ရောက်လာပါတယ်။ ရွာကော်မတီက သူ့ကို ခေါ်ထားတာဟာ ဆေးကုဖို့မဟုတ်ဘဲ အစာမစားဘဲ အသက်ရှင်နေတယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို စောင့်ကြည့်ပေးဖို့ပါ။ ကောင်မလေးကို လာကြည့်သူတွေ များလာလို့ ရွာလူကြီးတွေလည်း စိတ်ရှုပ်နေကြတယ်။ ဒါကြောင့် မစ္စစ်ရွိုက်နဲ့ ဝါရင့်သီလရှင်တစ်ပါးကို နှစ်ပတ်ကြာ စောင့်ကြည့်ခိုင်းလိုက်ပါတယ်။ အဲဒီနှစ်ပတ်အတွင်း မစ္စစ်ရွိုက် ဘာတွေကြုံရမလဲ၊ ကောင်မလေးက တကယ်ပဲ အစာမစားတာလား၊ မစားဘူးဆိုရင် ဘယ်လိုအသက်ရှင်နေတာလဲဆိုတာ စူးစမ်းရမှာပါ။ နောက်ဆုံးမှာ ရွာကော်မတီက ဘယ်လိုဆုံးဖြတ်မလဲဆိုတာလည်း မေးစရာဖြစ်နေပါတယ်။ Florence Pugh ပါဝင်သရုပ်ဆောင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း