ဇာတ်ကားများ ရွေးရန်

My First Client

2019ဇာတ်ကားအမှတ် 8.7/10114 မိနစ်

My First Client (2019) ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ရုပ်ရှင်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားပြီး Chief Detective 1958 , Reply 1988ထဲက မင်းသား Lee Dong-Hwiနဲ့ အတူ The King’s Affection ထဲက ကလေးသရုပ်ဆောင် Choi Myung-Binတို့ အဓိကပါဝင်ထားတဲ့ မှုခင်းကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ယွန်းဂျောင်ယော့(Lee Dong-Hwi)ဟာ ဆိုးလ်မြို့က ရှေ့နေရုံးတစ်ရုံးမှာ ရှေ့နေအလုပ်ရဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပြီး မြို့ငယ်လေးက လာတဲ့သူ့အတွက်တော့ အလုပ်ရှာရတာ မလွယ်ကူလှပါဘူး။ ဒီအတောအတွင်းမှာပဲ သူဟာ ဇာတိမြို့က ကလေးသူငယ်စောင့်ရှောက်ရေးစင်တာတစ်ခုမှာ ဆွေးနွေးအကြံပေးသူအဖြစ်နဲ့ ခဏတာ အလုပ်ဝင်လုပ်ရင်းကနေ မိထွေးဖြစ်သူရဲ့ အနိုင်ကျင့်နှိပ်စက်ခြင်းကို ခံနေရတဲ့ ဒါဘင်းနဲ့ မင်ဂျွန်ဆိုတဲ့ ကလေးနှစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကလေးတွေ အနိုင်ကျင့်ခံနေရတာကို သူသိပေမဲ့လည်း ဂျောင်ယော့ဟာ တရားဥပဒေအရ အခွင့်အာဏာမရှိတဲ့အတွက် ဝင်ရောက်ကူညီနိုင်ခြင်း မရှိဘဲ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ မကြာခင်မှာပဲ ဂျောင်ယော့ဟာ ဆိုးလ်မြို့က ရှေ့နေရုံးတစ်ရုံးမှာ အလုပ်ရသွားခဲ့ပြီး ဒါဘင်းနဲ့မင်ဂျွန်ကို နှုတ်မဆက်ဘဲ ထွက်သွားခဲ့ပါတော့တယ်။ တစ်နေ့မှာတော့ မင်ဂျွန် သေဆုံးသွားပြီဖြစ်ကြောင်းနဲ့ ဒါဘင်းက မောင်ဖြစ်သူကို သတ်ခဲ့တယ်လို့ စွပ်စွဲခံရထားတယ်ဆိုတဲ့ ထိတ်လန့်စရာသတင်းကို သူ ကြားသိလိုက်ရတဲ့အခါမှာတော့ ဂျောင်ယော့ဟာ အမှန်တရားကို ဖော်ထုတ်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီး ဒါဘင်းရဲ့ ရှေ့နေအဖြစ်နဲ့ သူ့ရဲ့ ပထမဆုံးအမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ဖြစ်လာခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရရှိခဲ့တဲ့ ဒါဘင်းကို ကာကွယ်ပေးရင်း ဂျောင်ယော့တစ်ယောက် အမှုမှန်ကို ဖော်ထုတ်သွားနိုင်မလားဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်နော်... File size…1.6GB / 882MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 54 min. Genre ….. Law, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း