ဇာတ်ကားများ ရွေးရန်

Murderer Report

2025ဇာတ်ကားအမှတ် 7.1/10108 မိနစ်

Murderer Report (2025) IMDb..... 7.1 Parasite, My Daughter Is a Zombie ထဲမှ မင်းသမီး Cho Yeo-jeong နဲ့ The Glory, Uprising ထဲမှ မင်းသား Jung Sung-Il တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Murderer Report ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Baek Seon-Ju (Cho Yeo-Jeong) ကတော့ သတင်းထောက်ပီပီ သတင်းဦး၊ သတင်းထူးတွေနောက်ကို အငမ်းမရလိုက်နေတဲ့ သတင်းသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ သတင်းထောက် Seon- Ju ဆီကို တစ်နေ့ကျတော့ လူ ၁၁ ယောက်ကို သတ်ခဲ့တဲ့ စိတ်ရောဂါကုဆရာဝန် Lee Yeong-Hun (Jung Sung-Il) ဆိုသူက အင်တာဗျူးပေးဖို့ တောင်းဆိုလာပြီး အင်တာဗျူးမဲ့ အကြောင်းအရာကလည်း သူကိုယ်တိုင် သတ်ခဲ့တဲ့ ကွင်းဆက်လူသတ်မှုတွေအကြောင်းကို ထုတ်ဖော်ပြောပြချင်လို့ဆိုတာပါပဲ.... တကယ်လို့ Seon-Ju သာ သူ့ကို အင်တာလာဗျူးပေးမယ်ဆိုရင် သူ့ရဲ့ နောက်ပစ်မှတ်ကို ကယ်တင်ဖို့ အခွင့်အရေးပေးမယ်လို့လည်း ဆိုလာပါသေးတယ်။ ဒီတော့.... Seon-Ju တစ်ယောက် ဝါရင့်သတင်းသမားပီပီ အန္တရာယ်တွင်းထဲ ခုန်ဆင်းပြီး အင်တာဗျူးမှာလား.... ကွင်းဆက်လူသတ်သမားကရော ဘယ်လိုရည်ရွယ်ချက်တွေနဲ့ Seon-Ju ကိုမှ ဒီအကြောင်းတွေကို ထုတ်ပြောဖို့လုပ်ရတာလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ File Size : 910MB/ 420MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…1hr 48m Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း