ဇာတ်ကားများ ရွေးရန်

The Table

2017ဇာတ်ကားအမှတ် 6.3/1070 မိနစ်

The Table (2017) Josee တို့ Persona တို့ စတဲ့ ဇာတ်ကားတွေရဲ့ ဒါရိုက်တာကြီး Kim Jong Kwan ရိုက်ကူးထားတဲ့ IMDb 6.3 ရှိတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…။ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Jung Yumi, Han Yeri, Jung Eunchae, Lim Soojung, Kim Hye Ok, Yeon Woojin, Jung Joonwon, Jeon Sung woo စတဲ့ နာမည်ကြီး လူကြိုက်များပြီးသား ထိတ်ထိတ်ကြဲ သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်…။ ဇာတ်လမ်းလေးကတော့… စားပွဲတစ်လုံး ခုံနှစ်လုံးမှာ လူနှစ်ယောက်ဟာ သူတို့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုကြတယ်…။ ကြည့်ရှုသူတွေက သူတို့ရဲ့ Conversation တွေကနေတစ်ဆင့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွေ ခံစားချက်တွေကို မြင်ရမှာဖြစ်ပါတယ်…။ ဒါရိုက်တာကတော့ သူ့ရဲ့ ထုံးစံအတိုင်း ဒီလိုပုံစံမျိုးကို စုံတွဲ ၄ တွဲနဲ့ ပြထားခဲ့ပါတယ်…။ အဲဒီတော့ မတူညီတဲ့ ဇာတ်လမ်း ၄ မျိုးကို ကြည့်ရှုသူတွေက စီးမျောခံစားရမှာ ဖြစ်ပါတယ်…။ အဲဒီဇာတ်လမ်း ၄ မျိုးမှာ ပထမတစ်ခုကတော့ နာမည်ကြီးမင်းသမီးနဲ့ သူ့ရည်းစားဟောင်းရဲ့ Conversation, ဒုတိယတစ်ခုကတော့ တစ်ညတာချစ်ကြည်နူးခဲ့ကြတဲ့ စုံတွဲတစ်တွဲရဲ့ Conversation, တတိယတစ်ခုကတော့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်နဲ့ သူ့လက်ထပ်ပွဲမှာ အမေအဖြစ်ဟန်ဆောင်ပေးမယ့် အမျိုးသမီးကြီးတစ်ယောက်ရဲ့ Conversation, နောက်ဆုံးတစ်ခုကတော့ လက်ထပ်တော့မယ့် အမျိုးသမီးတစ်ယောက်နဲ့ ရည်းစားဟောင်းရဲ့ Conversation စတာတွေပဲ ဖြစ်ပါတယ်…။ သူတို့ Conversation တွေကနေတစ်ဆင့် ဘယ်လို ဇာတ်လမ်းမျိုးတွေ ပေါက်ဖွားလာမလဲဆိုတာတော့ ကြည့်ရှုခံစားကြည့်လိုက်ပါနော်…။ File size…652MB / 245MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 12 min. Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း