ဇာတ်ကားများ ရွေးရန်

Song to Song

2017ဇာတ်ကားအမှတ် 5.5/10129 မိနစ်

Song to Song (2017) IMDb Rating (5.6) / Rotten Tomatoes (43%) Terrence Malickရဲ့ ရုပ်ရှင်တွေဟာ ခံစားမှုနဲ့မှမဟုတ်ရင် အသိတရားသက်သက်နဲ့ ဖမ်းဆုပ်ဖို့ ခက်တဲ့ ရုပ်ရှင်တွေလို့ပြောရမယ်။ ဒီလိုဆိုလို့ နားလည်ရခက်လားဆိုတော့လည်း မခက်ဘူး။ ခင်ဗျားဘဝထဲက အရာတွေကိုပဲ ခင်ဗျားမြင်နေရမှာပဲ။ သူ့ရဲ့ နောက်ပိုင်း၁၀စုနှစ်တစ်ခုကျော်အတွင်းက ရုပ်ရှင်တွေမှာတော့ ဒီဓာတ်က အရင်ကထက်ပိုကဲလာတယ်။ သူ့ရုပ်ရှင်တွေဟာ Fregmentationလုံးလုံးဖြစ်လာတယ်။ ဒိုင်ယာလော့တွေကလည်း အဆက်အစပ်မရှိဘူး။ အပြတွေကလည်း နေ့စဉ်ဘဝက လှုပ်ရှားမှုတွေကို တစ်နေ့နည်းနည်း ရိုက်ချင်သလိုရိုက်ထားပြီး စုစည်းထားတာမျိုးတောင် ဆန်တယ်။ ဒါပေမဲ့ စနစ်တကျ ကစဉ့်ကလျားဖြစ်ခြင်းလို့ ပြောရမယ်။ အရှိတရားတို့ ခံစားချက်တို့ဆိုတာတွေရဲ့ ဝေဝါးခြင်းကို ဖမ်းဆုပ်ဖို့ မဖြစ်နိုင်လို့ ဖမ်းဆုပ်လို့ရတဲ့နည်းနဲ့ ဖမ်းဆုပ်ပြချင်ခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ်။ သူ ဒီလိုမြင်တော့မြင်တယ်ဆိုတာကို သူ့Narrativeတွေမှာ တွေ့ရတယ်။ ဒီဇာတ်လမ်းက အချစ်ဇာတ်လမ်းလို့ ပြောလည်းရတယ်။ ရှင်သန်မှုအကြောင်းလို့ပြောလည်းရတယ်။ ဒါပေမဲ့ ဆိုခဲ့သလို ကစဉ့်ကလျားအမြင်တွေ ကစဉ့်ကလျားစကားတွေ ကစဉ့်ကလျားပုံရိပ်တွေကို စုစည်းပြီး ပြထားတယ်။ဆုံတွေမှုတွေကို ပြန်စီကြည့်ချိန်မှာ အနိမ့်တွေအမြင့်တွေကို ငါပြန်မြင်ရတယ်။ ကွာဝေးသွားခဲ့တယ်ဆိုပါစို့ နိမ့်လွန်းလို့လား မြင့်လွန်းလို့လား ဘယ်အခြေခံ ဘယ်ကံအကြောင်းတရားလဲ။ ဖြစ်ချင်ခြင်းနဲ့ ဖြစ်သင့်ခြင်းဆိုတဲ့ တကယ်တောင်မရှိတဲ့အရာတွေ ရောပြွမ်းခဲ့လား။ အစစ်အမှန်ဆိုတာ တကယ်ရှိခဲ့လား။ ငါတို့ရော တကယ်တွေ့ခဲ့လား။ ငါတို့ရဲ့လိင်မှုတွေဟာ ငါတို့ဖြစ်ချင်သလို အစစ်လား။ ငါတို့ရဲ့အနမ်းတွေဟာ ခံစားမှုတစ်ဝက်ပဲပါတဲ့ အနမ်းတွေလား။ အခြေအနေတွေနဲ့ ဖွဲ့စည်းထားတဲ့ ငါတို့ပြောကြတဲ့ အချစ်ဆိုတာရဲ့ အစစ်အမှန်သဘောမှာ တကယ်ပဲ အခြေအနေအချိန်အခါတွေ ပါနေခဲ့လား။ ပါခဲ့ရင်ရော ဒါပုံသေလား။ ဖြစ်နေကျလား။ အချစ်ဆိုတာမှာ အချစ်ဆိုတာကလွဲ ဘာမှမပါတဲ့အချစ်ဆိုတာမျိုးက ကြုံတောင့်ကြုံခဲအခြေအနေတစ်ခုမှာ ရှိနိုင်လား။ အကြီးကျယ်ဆုံးလို့ ငါတို့ထင်တဲ့အရာတွေဆီ လှမ်းပြီးတဲ့အခါ ဟိုးအစဆီ နောက်ပြန်ဆုတ်ချင်တဲ့အရာမျိုးပေါ့။ တစ်ခါတလေ ငါတော့ အဲဒါကိုချစ်ခြင်းလို့နာမည်တပ်ချင်တယ်။ ဒါပေမဲ့ အမှန်ဟုတ်ချင်မှလည်းဟုတ်မယ်။ ရှင်သန်ခြင်းဆိုတာတာ မသေနိုင်သေးသရွေ့ ရှင်နေဖို့ အကြောင်းပြချက်တွေ စုစည်းထားတဲ့ အစုအဝေးကြီးတစ်ခုလား။ နီးစပ်ပါလိမ့်မယ်။ ငါတို့တစ်သက်လုံး ငါတို့ရှာကြတဲ့အရာဟာ တကယ်တမ်း ဒါပါပဲ။ ဖြစ်နိုင်ကောင်းတယ်။ ဒါပေမဲ့လည်း သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ် အရသာခံရင်း အသက်ရှင်ဖို့ အနမ်းတစ်ပွင့်ပြီးတစ်ပွင့် ခံစားရင်း အသက်ရှင်ဖို့ထက် ပိုအရေးကြီးတာ ဒီဘဝမှာ ဘာများရှိလို့လဲ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (2.7 GB) / (1.5 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration…. 02:09:49 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း