ဇာတ်ကားများ ရွေးရန်

The Frogmen

1951ဇာတ်ကားအမှတ် 6.1/1096 မိနစ်

၁၉၅၀ ဝန်းကျင်က စစ်ကားဆိုပေမယ့် ခပ်ညံ့ညံ့ ရိုက်ချက်တွေ မဟုတ်ခဲ့ပါဘူး။ အော်စကာဆုအတွက် နှစ်ခုအထိ nomination ဝင်ခဲ့ပြီး ရိုက်ချက်တွေက တော်တော်လေး ကောင်းခဲ့ပါတယ်။ ဇာတ်အိမ်အနေနဲ့ ပေါ့ပေါ့ပါးပါး ဖြစ်ရုံကလွဲရင် စစ်ကားကောင်းတစ်ကားလို ဆိုနိုင်ပါတယ်။ ရိုက်ချက်တွေကို highlight ပိုပေးချင်ပါတယ်။ ရေအောက်ထဲမှာ ရိုက်သွားတာတွေက ၁၉၅၀ တုန်းက ဇာတ်ကားလိုပြောရင် ယုံနိုင်စရာမရှိအောင်ကို ကောင်းလွန်းနေပါတယ်။ ဇာတ်လမ်းအကျဉ်း ဒုတိယကမ္ဘာစစ်တွင်းကာလ ဂျပန်နိုင်ငံကို စစ်ခင်းရတဲ့ အမေရိကန် စစ်သင်္ဘောပေါ်မှာ အခြေခံထားပါတယ်။ စစ်ဆင်ရေးတွေ အလီလီနွှလာတဲ့ စစ်သားတွေဟာ တခြားသင်္ဘောသားတွေကို အထက်စီး ဆက်ဆံတာကြောင့် ခေါင်းဆောင်ဖြစ်တဲ့ ကပ္ပတိန်လောရန့်စ်က အားလုံးကို ဆူငေါက်ပါတယ်။ စစ်သားတွေဟာ ခေါင်းဆောင်အသစ်ဖြစ်လာတဲ့ ကပ္ပတိန်လောရန့်စ်ကို မကြည်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတိုရဲ့ခေါင်းဆောင်ဟောင်းဖြစ်တဲ့သူက အားလုံးအပေါ်မှာ အသက်စွန့် ကာကွယ်သွားတာကြောင့် ကပ္ပတိန်လောရန့်စ်အနေနဲ့ ဝင်ဆန့်ဖို ခက်ခဲနေပါတယ်။ ကပ္ပတိန်လောရန့်စ်လည်း ခက်ခဲနေတဲ့ကြားကနေ သူ့တပ်ဖွဲနဲ့ သဘောထားကွဲလွဲတာတွေ ဖြစ်လာပြီး ပွတ်တိုက်မှုတွေ ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတိုအတွက် လူဂွစာကြီး ဖြစ်နေတဲ့ ကပ္ပတိန်လောရန့်စ်ဟာ သူတိုထင်ထားသလို မဟုတ်ဘဲ အင်မတန်မှ စိတ်သဘောထား ကောင်းတဲ့သူဆိုတာ သိလိုက်ရပါတယ်။ သူတိုသိတဲ့အချိန် ကပ္ပတိန်လောရန့်စ်ဟာ အသက်ရောရှိပါဦးမလား? ကဲ ဇာတ်လမ်းလေးကို အဆုံးထိ ခံစားဖိုအတွက် တိုက်တွန်းလိုက်ရပါတယ် File size…(1.3 GB)/(757 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း