ဇာတ်ကားများ ရွေးရန်

Open Your Eyes

1997ဇာတ်ကားအမှတ် 7.4/10117 မိနစ်

Open Your Eyes (1997) IMDb Rating (7.7) / Rotten Tomatoes (87%) Tom Cruiseရဲ့ Vanilla Sky (2001)ကိုကြည့်ပြီး ဘယ်ဟာကအစစ်အမှန်ဘယ်ဟာကအိပ်မက်ဆိုပြီး ဝေခွဲမရဖြစ်ခဲ့ကြဖူးမလားမသိဘူး။ အခုတင်ဆက်ပေးထားတဲ့ဇာတ်လမ်းက အဲဒီရုပ်ရှင်ရဲ့ မူရင်းစပိန်ရုပ်ရှင်။ ဇာတ်သိမ်းမှာ ဘယ်ဟာကအစစ်အမှန် ဘယ်ဟာကအိပ်မက်ဆိုပြီး ဝေခွဲမရဖြစ်ခဲ့သူတွေအတွက်ဒီရုပ်ရှင်မှာ ပြန်ဆန်းစစ်ကြည့်ပေါ့။ မင်းသားက ချမ်းသာတဲ့ တစ်ကောင်ကြွက်လူငယ်တစ်ယောက်။ မိန်းမတစ်ယောက်ကို တစ်ခါထက်ပိုတွဲရင်သိက္ခာကျတယ်လို့ပဲတွေးမိလားမသိ မိန်းမတစ်ယောက်ကို တစ်ခါထက်ပိုမတွဲတတ်သူ။ သူ့မွေးနေ့ပွဲတစ်ခုမှာ သူငယ်ချင်းအရင်းကြီးနဲ့အတူလာတဲ့ မိန်းကလေးကို သဘောကျမိသွားတဲ့အချိန်မှာပဲတွဲခဲ့ဖူးတဲ့မိန်းမတစ်ယောက်ကြောင့် မတော်တဆမှုတစ်ခုမှာ သူ့မျက်နှာပျက်စီးသွားခဲ့ရော။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကနေ မြင်သူတကာကြောက်ရတဲ့မျက်နှာနဲ့ လူတောမတိုးဝံ့ဖြစ်သွားပါတယ်။ ဒီမှာပဲ သူတကယ်ချစ်မိသွားတဲ့ မိန်းကလေးဆီက အချစ်စစ်ကိုရှာတွေ့ခဲ့တာလား။ Lucid Dreamလို့ခေါ်တဲ့ထိန်းချုပ်နိုင်တဲ့ အိပ်မက်ကမ္ဘာထဲမှာ စီးမျောနေခဲ့တာလားဆိုတာကိုတော့ ပြန်လည်ဆန်းစစ် ခံစားကြည့်ရှုကြပါဦး။ File size… (3.2 GB) / (1.4 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Science Fiction,Thriller Duration…. 01:59:43 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း