ဇာတ်ကားများ ရွေးရန်

Memories of the Sword

2015ဇာတ်ကားအမှတ် 6.6/10120 မိနစ်

Memories of the Sword (2015) IMDb..... 6.6 Lee Byung-Hun , Jeon Do-Yeon , Kim Go-Eun နဲ့ Lee Jun-Ho အစရှိတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ရုပ်ရှင်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးပါရစေ - ဇာတ်လမ်းအကျဉ်း - ဂိုလျော စစ်အုပ်ချုပ်ရေးခေတ်ကာလက ဓားသူရဲကောင်းသုံးဖော်လို့ လူသိများတဲ့ ဖွန်းချွန်း၊ ဆောရန်းနဲ့ ဒေါ့ဂီတို့ သုံးဦးဟာ ပုန်ကန်ထကြွမှုကို ဦးဆောင်ခဲ့ကြပေမဲ့ အာဏာကို မက်မောတဲ့ ဒေါ့ဂီ (Lee Byung-Hun) ရဲ့ သစ္စာဖောက်မှုကြောင့် ပုန်ကန်မှုဟာ မအောင်မြင်ဘဲ ဖွန်းချွန်းတင်မက လူပေါင်းများစွာ သေကျေခဲ့ကြရပါတယ်။ ၁၈ နှစ်ကြာပြီးနောက်မှာတော့ ဆောရန်း (Jeon Do-Yeon) က မျက်မမြင်တစ်ယောက် ဖြစ်နေပါပြီ။ ဆောရန်းက ဖွန်းချွန်းရဲ့သမီး ဟုန်းအီ (Kim Go-Eun) ကို သမီးအရင်းလေးလို ပြုစုပျိုးထောင်ပေးခဲ့ပြီး မိဘတွေကို သတ်သွားတဲ့ ရန်သူနှစ်ဦးကို ပြန်လက်စားချေနိုင်ဖို့ရာအတွက် ဟုန်းအီကို ဓားသိုင်းပညာလည်း လေ့ကျင့်သင်ကြားပေးနေပါတယ်။ တစ်ဖက်မှာလည်း ဒေါ့ဂီက ဂိုလျောရဲ့ အကြီးမားဆုံး အာဏာရှင်ကြီး ဖြစ်လို့နေပါပြီ... အဆုံးမှာ ဟုန်းအီရဲ့ကလဲ့စားက အောင်မြင်သွားမလား... ဒေါ့ဂီအပြင် ဟုန်းအီမိဘတွေရဲ့ နောက်ထပ်ရန်သူတစ်ဦးကရော ဘယ်သူဖြစ်နေမလဲဆိုတာကို အလှည့်အပြောင်းများစွာ ပြည့်နှက်နေတဲ့ ဓားသူရဲကောင်းမလေးရဲ့ အမှတ်တရတွေထဲ ဝင်ရောက် စီးမျောကြည့်ရှုလိုက်ကြပါဦးရှင်။ File Size : 3.06GB/ 1.18GB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…2hr 00m Genre : Action, Historical, Romance, Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း