ဇာတ်ကားများ ရွေးရန်

New Seven Heroes and Five Gallants

2018ဇာတ်ကား98 မိနစ်

နန်ရီရွာမှာ လူတွေ မရှုမလှသေဆုံးနေတဲ့အကြောင်းက ကလေးတွေကြား တဘောင်လင်္ကာတွေနဲ့ ပြောစမှတ်ဖြစ်နေပါတယ်။ တစ်နှစ်အတွင်း လူ ၁၂ ယောက် ပျောက်ဆုံးသေဆုံးခဲ့ပေမယ့် သေဆုံးသူတွေဟာ ဒုက္ခသည်တွေနဲ့ ဆင်းရဲတဲ့မိသားစုဝင်တွေ ဖြစ်နေတာကြောင့် အမှုတွေကို သိပ်အရေးတယူ မလုပ်ခဲ့ကြဘူး။ အစောင့်တွေပါ တဖြည်းဖြည်း သေဆုံးလာတော့မှ ရုံးတော်က လူကြီးမင်းပေါင်ကို စုံစမ်းစစ်ဆေးဖို့ စေလွှတ်လိုက်ပါတယ်။ လူကြီးမင်းပေါင်ဟာ တပည့်ပေါင်ရှင်းနဲ့အတူ လိုက်လံစုံစမ်းရင်း သူရဲကောင်းနန်ရှ ကျန်းတာ့ရှနဲ့ တွေ့ဆုံခဲ့တယ်။ သုံးယောက်ပေါင်းပြီး သံသယရှိသူ လုရိသောင်ကို စစ်ဆေးတဲ့အခါ သူတို့ကို ကူညီပေးမယ့် နောက်ထပ်သူရဲကောင်း ပိုင်ယွီထန်းနဲ့ ဆုံကြပြန်ပါတယ်။ ဒါပေမယ့် ဒီတွေ့ဆုံမှုက အဆင်ပြေချောမွေ့ခဲ့တာတော့ မဟုတ်ပါဘူး။ လေးယောက်သား ကြုံလာရတဲ့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ၊ လူသေဆုံးမှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုလှည့်စားမှုတွေ ရှိနေမလဲဆိုတာကို မှုခင်းနဲ့သိုင်း ပေါင်းစပ်တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း