ဇာတ်ကားများ ရွေးရန်

My Tomorrow, Your Yesterday

2016ဇာတ်ကားအမှတ် 7.5/10111 မိနစ်

My Tomorrow, Your Yesterday (2016) ကျိုတိုမြို့က အနုပညာကျောင်းသားလေး တာကာတိုရှီဟာ ရထားပေါ်မှာ ချစ်စရာကောင်းပြီးတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ အယ်မီဆိုတဲ့ ကောင်မလေးကိုတွေ့ကာ မြင်မြင်ချင်းချစ်မိသွားခဲ့ပါတယ်။ တာကာတိုရှီဟာ ရတဲ့အခွင့်အရေးကို လက်လွှတ်မခံဘဲ အယ်မီကို ချစ်ရေးဆိုရာကနေ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူးဖွယ်ရာ ချိန်းတွေ့ရတဲ့ရက်လေးတွေကို ရောက်ရှိလို့လာခဲ့ပါတယ်။ ချစ်စခင်စ အချိန်ကာလမှာ နေ့ရက်တိုင်းဟာ သူတို့နှစ်ယောက်အတွက် ချိုမြိန်လို့နေခဲ့ပါတယ်။ ဒီလိုနဲ့ တာကာတိုရှီတို့ တွဲလာခဲ့ပြီး ရက်အနည်းငယ်ကြာတဲ့အချိန်မှာတော့ ချစ်သူကောင်မလေး အယ်မီက ထူးထူးဆန်းဆန်း စကားတွေ ပြောလာပါတော့တယ်။ အယ်မီဟာ တာကာတိုရှီနေထိုင်ရာ ကမ္ဘာကမဟုတ်ဘဲ တခြားအပြိုင်ကမ္ဘာကလာတဲ့သူဖြစ်ကြောင်း၊ အယ်မီနေထိုင်ရာကမ္ဘာဟာ တာကာတိုရှီနေထိုင်ရာကမ္ဘာနဲ့ အချိန်စီးဆင်းမှုဟာ ပြောင်းပြန်ဖြစ်နေကြောင်း ထုတ်ပြောလာခဲ့ပါတော့တယ်။ ဆိုလိုတာကတော့ တာကာတိုရှီရဲ့ မနက်ဖြန်ဟာ အယ်မီရဲ့ မနေ့က ဖြစ်နေတာပါပဲ။ သူတို့ရဲ့ အသက်အရွယ်တိုက်ဆိုင်မှုဟာတော့ အသက်နှစ်ဆယ်အရွယ်မှာပဲ တူညီမှာဖြစ်တာကြောင့် အရွယ်တူတဲ့အချိန်မှာ ချစ်သူတွေဖြစ်ဖို့ အယ်မီတစ်ယောက် ဖန်တီးခဲ့ပါတော့တယ်။ ဒီလိုနဲ့ တာကာတိုရှီနဲ့ အယ်မီတို့ရဲ့ မတူညီတဲ့ အပြိုင်ကမ္ဘာနှစ်ခုက အချစ်ဟာ ဘယ်လိုပုံစံမျိုးနဲ့ တည်ရှိသွားမလဲ ......... ချစ်ရသူနှစ်ဦးရဲ့ နီးစပ်ဖို့ကြိုးစားလေ ပိုမိုဝေးကွာလေဖြစ်ရတဲ့ ကံကြမ္မာဆိုးကို ဘယ်လို ရင်ဆိုင်သွားမလဲ .......... ဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက် ခံစား ကြည့်ရှုဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။ File Size - 1.41 GB/ 573 MB Quality - BluRay 1080p/ 720p Duration - 1h 52m Format - mp4 Genre - Drama, Romance Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း