ဇာတ်ကားများ ရွေးရန်

Ashes and Diamonds

1958ဇာတ်ကားအမှတ် 7.4/10103 မိနစ်

လူတွေဟာ ရှင်သန်နေသမျှ ကာလပတ်လုံး ပြာဖြစ်မလား စိန်ဖြစ်မလားကို ကိုယ်တိုင် ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ လူသားလို ဖြစ်လာပြီဆိုတာနဲ့ လောကဓံရဲ့ အထုအထောင်းတွေ လောင်မြိုက်မှုတွေကို ကျိန်းသေပေါက် ခံရမှာပါ။ ဒါကို ညည်းညူနေလိုမရဘဲ လောကဓံရဲ့ ဖိအား၊ အပူချိန်တွေကြောင့် ပြာနဲ့ စိန် ဘာဖြစ်မလဲဆိုတာကို ကိုယ့်ရဲ့ လုပ်ရပ်တွေကပဲ ဆုံးဖြတ်မှာပါ။ ဒီဇာတ်ကားထဲမှာလည်း စစ်ကြီးပြီးလို ဖြစ်သမျှအရာကို အပြစ်မတင်ဘဲ ကိုယ်တိုင်ဘာကို ရွေးချယ်ရမလဲဆိုတာကို ရိုက်ပြထားပြီး သမိုင်းကြောင်းကို စိတ်ဝင်စားတဲ့သူတိုင်း ကြည့်သင့်တဲ့ ဒုတိယကမ္ဘာစစ်ပြီးကာလကို နောက်ခံထားတဲ့ ဒရမ်မာ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီဇာတ်ကားရဲ့ အဓိက ဇာတ်လိုက်ဖြစ်တဲ့ မာဆစ်ချယ်မီခီဆိုသူဟာ တော်လှန်ရေးကာလအတွင်း လျှိဝှက်တပ်သားအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အဓိက တာဝန်ကတော့ ကွန်မြူနစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရှဇူကာကို လုပ်ကြံဖိုဖြစ်ပါတယ်။ ဒါပေမဲ့ အသွင်ယူထောက်လှမ်းနေတုန်းမှာ အရက်ဘားက အမျိုးသမီးဝန်ထမ်းလေး ဖြစ်တဲ့ ခရစ်စတိုင်နာနဲ့ တွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ အချစ်ကြောင့် စိတ်တွေဝေဝါးလာခဲ့ပြီး စစ်ပွဲကြောင့် ညည်းငွေ့လာတဲ့ သူ့ဘဝကို ရပ်ပစ်ကာ ဘဝသစ် စတင်ချင်ခဲ့ပါတယ်။ ကွန်မြူနစ် ဆန့်ကျင်သူနဲ့ ထောက်ခံသူတွေကြားက ပဋိပက္ခကို ပြသရင်း စစ်ပွဲပြီးဆုံးသွားသည့်တိုင်အောင် ပိုလန်လူမျိုးတွေကြား အတွေးအခေါ်စစ်ပွဲက မပြီးသေးကြောင်း ပြသွားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ File size…(1.3 GB)/(757 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း