ဇာတ်ကားများ ရွေးရန်

Come Rain, Come Shine

2011ဇာတ်ကားအမှတ် 6.2/10105 မိနစ်

Come Rain, Come Shine (2011) IMDb..... 6.2 ဒီတစ်​ခေါက် မိတ်ဆက်​ပေးမယ့် ဇာတ်ကားက​တော့ Hyun Binနဲ့ Im Soo Jungတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဆွေးဆွေးလေး ခံစားစေရမဲ့ အချစ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ​ဂျီ​ဆော့ ( Hyun Bin)နဲ့ ယောင်းရှင်း (Im Soo Jung)က လက်ထပ်ထားတာ ၅နှစ်ရှိပြီဖြစ်တဲ့ လင်မယားဆို​ပေမဲ့ ​ ယောင်းရှင်းက​တော့ အပြင်မှာ ​အချစ်သစ်​တွေ့​လို့နေပါပြီ။ အဲဒါကြောင့်ပဲ ဂျီ​ဆော့နဲ့ လမ်းခွဲမှာဖြစ်ပြီး အိမ်က​နေ ထွက်သွား​တော့မှာဖြစ်​ကြောင်း ​ပြောပြခဲ့သလို ယောင်းရှင်း ထွက်သွားတဲ့နေ့ရောက်တော့လည်း ဂျီဆော့က တည်တည်ငြိမ်ငြိမ်နဲ့ ယောင်းရှင်းထွက်သွားဖို့အတွက် ကူညီပေးနေခဲ့တာပေါ့။ ဒါပေမဲ့လည်း ဆိုးရွားတဲ့ ရာသီဥတုကြောင့် နောက်ထပ် တစ်ရက် အိမ်မှာ အတူဆက်ရှိဖို့ ဖြစ်လာတဲ့ ဂျီဆော့နဲ့ ယောင်းရှင်း.... ချစ်သူနှစ်ဦး မခွဲခွာခင် နောက်ဆုံးအတူတူရှိ​နေတဲ့ တစ်ရက်တာအချိန်အတွင်း ဂျီ​ဆော့နဲ့ ​ယောင်းရှင်းကြားက ခံစားချက် အတက်အကျကို လှလှပပ ရိုက်ကူးပုံ​ဖော်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်။ File Size : 1.24GB/ 560MB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…2hr 00m Genre : Drama, Melodrama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း