ဇာတ်ကားများ ရွေးရန်

Genocidal Organ

2017ဇာတ်ကားအမှတ် 6.6/10115 မိနစ်

"Genocidal Organ" "Genocidal Organ" ဟာ Project Itoh ရဲ့ နာမည်ကြီး science fiction ဝတ္ထုကိုအခြေခံပြီး ၂၀၁၇ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဂျပန် anime ရုပ်ရှင်ပါ။ ဇာတ်လမ်းက အနာဂတ်ကမ္ဘာကို ပုံဖော်ပြသထားပြီး လူမျိုးသတ်ဖြတ်မှုတွေ အပြည့်အဝဖြစ်ပွားနေတဲ့ ကမ္ဘာအကြောင်း တင်ဆက်ထားခြင်းဖြစ်ပါတယ်။ Production I.G ရဲ့ လက်ရာဖြစ်တာမလို့ ကြည့်ရတာ အတော်ကို မျက်စိပဒဿရှိပါတယ်။ ဇာတ်လမ်းမှာက ထောက်လှမ်းရေးနည်းစနစ်တွေ၊ ထောက်လှမ်းပုံတွေ၊ အက်ရှင်ခန်းတွေမြိုင်မြိုင်ဆိုင်ဆိုင်ပါတာမလို့ Mission impossible ရုပ်ရှင်တွေ၊ Die Hardရုပ်ရှင်တွေကိုကြိုက်သူတွေအတွက် တကယ်ကိုကြည့်ဖို့သင့်တဲ့ရုပ်ရှင်ပါ။ မကောင်းတဲ့အချက်တွေကိုပြောရရင်တော့ ဒီရုပ်ရှင်ကိုဘာသာပြန်တာက အတော်ခက်တဲ့အပြင် အင်္ဂလိပ်စာကို ကျေလည်အောင်နားလည်တဲ့သူတောင်မှ ဒီရုပ်ရှင်ကိုကြည့်ရင် ရုပ်ရှင်မှာပါတဲ့ နိုင်ငံရေးနောက်ခံတွေကို တီးမိခေါက်မိရှိထားမှနားလည်မှာပါ။ ဇာတ်လမ်းအကျဉ်း အမေရိကန်နိုင်ငံက အထူးတပ်ဖွဲ့အရာရှိ Clavis Shepherd ကို ကမ္ဘာတဝှမ်းဖြစ်ပွားနေတဲ့ လူမျိုးသတ်ဖြတ်မှုတွေကြောင့် စုံစမ်းစစ်ဆေးရေးလုပ်ဖို့ တာဝန်ပေးခြင်းခံရပါတယ်။ ဒီလူမျိုးသတ်ဖြတ်မှုတွေဟာ John Paul ဆိုတဲ့လူနဲ့ ဆက်စပ်နေတယ်ဆိုတာ Clavis သိလာရပြီး သူ့ကို ခြေရာခံဖို့၊ ဖမ်းဆီးဖို့ ကြိုးစားရတဲ့နောက်မှာတော့ John Paul ရဲ့ အာရုံစိုက်တာကို ပြန်ခံရပါတော့တယ်။ အဲ့ဒီနောက်မှာတော့ ဖြစ်ပျက်နေတာတွေအားလုံးရဲ့နောက်ကွယ်မှာ အရမ်းကိုရှုတ်ထွေးပြီး မယုံနိုင်စရာကိစ္စကြီးတစ်ခုရှိနေတာကိုသိလိုက်ရတဲ့အပြင် ထိုကိစ္စကြီးမှာ Clavis ပါ ဖြည်းဖြည်းချင်း ကြားညပ်သွားပါတော့တယ်။

ဇာတ်လမ်းအကြောင်း