ဇာတ်ကားများ ရွေးရန်

Sword Sovereign: Heavenbreaker

2025ဇာတ်ကား

လွန်ခဲ့သောနှစ်ပေါင်းများစွာက ကျန့်နန်ထျန်းဟာ ဓားဂိုဏ်းကို ကာကွယ်ဖို့အတွက်နဲ့ သွေးငှက်မျှော်စင်မှာ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရပါတယ် နှစ်အတန်ကြာပြီးနောက်မှာ သွေးငှက်မျှော်စင်ဟာ ဓားဂိုဏ်းကိုနောက်တစ်ဖန်ပြန်လည်တိုက်ခိုက်ခဲ့ပြီး ကျန့်နန်ထျန်းရဲ့သားဖြစ်သူ ကျန့်ဝူရွှမ်းကို ဖမ်းဆီးဖို့ကြိုးစားပြန်တယ်။ အရေးကြီးတဲ့အချိန်မှာတော့ အနက်ရောင်မင်းသမီးက ကျန့်ဝူရွှမ်းကို ကယ်တင်ခဲ့ပြီး လင်ရှောင်းနန်းဆောင်ကို ခေါ်ဆောင်သွားခဲ့ပါတယ် အဖေကိုကယ်တင်ဖို့ သတ်ခံရတဲ့ဂိုဏ်းသားတွေအတွက် လက်စားချေဖို့ ကျန့်ဝူရွှမ်းဟာ လင်ရှောင်းနန်းဆောင်မှာပညာသင်ကြားခဲ့ပြီး ဝမ်းယွမ်၊ ရန်ကျိုက်ရွှမ်း၊ စူးရို တို့နဲ့ သူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ လူငယ်လေးတွေက သိုင်းလောကရဲ့အထွဋ်အမြတ်ဖြစ်တဲ့ လင်ရှောင်းနန်းဆောင်ကြီးထဲမှာ အန္တရာယ်တွေရန်က ပုန်းအောင်းနေပြီး အသက်အန္တရာယ်ကို စိန်ခေါ်လာမယ့် စမ်းသပ်မှုတွေက တဖြည်းဖြည်း ချဉ်းကပ်လာနေသည်ကိုတော့ သူတို့မသိခဲ့ကြပါဘူး စိန်ခေါ်မှုတွေရောက်လာတဲ့အချိန်မှာတော့ နည်းနည်းမှတွန့်ဆုတ်မနေပဲ တရားမျှတမှုကိုရှေ့ရှုပြီး ရင်ဆိုင်သွားကြမယ့် လူငယ်လေးတို့ရဲ့ဘဝခရီးတစ်ခုပဲဖြစ်ပါတယ်။ Filesize : 1.29 GB / 713 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Fantasy Runtime : 1h 22 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း