ဇာတ်ကားများ ရွေးရန်

Homecoming

2019ဇာတ်ကား93 မိနစ်

အင်ဒိုနီးရှားမှာ ရမ်ဇာန်လကုန်ခါနီးရင် မြို့ပေါ်မှာ အလုပ်လုပ်နေသူတွေက အိဒ်ပွဲတော်ကို မိသားစုနဲ့အတူ ဆင်နွှဲဖို့ နေရပ်ပြန်ကြပါတယ်။ ဒီလိုအိမ်ပြန်ကြတဲ့ကာလကို Mudik လို့ ခေါ်ကြပြီး လမ်းတွေလည်း အလွန်ကျပ်လေ့ရှိတယ်။ Homecoming ရဲ့ မူရင်းအမည်ကလည်း အိမ်ပြန်ခရီးလို့ အဓိပ္ပာယ်ရတဲ့ Mudik ပါ။ အင်ဒိုနီးရှားရုပ်ရှင်ပွဲတော်မှာ မူရင်းဇာတ်ညွှန်းဆုရရှိခဲ့ပြီး တခြားဆုတွေအတွက်လည်း ဆန်ခါတင်ဝင်ခဲ့ပါတယ်။ အိုင်ဒါနဲ့ ဖေရ်မန်းတို့စုံတွဲလည်း အိဒ်မတိုင်ခင် ငါးရက်အလိုမှာ ဖေရ်မန်းရဲ့ မိဘအိမ်ဆီ ပြန်လာကြတယ်။ သူတို့နှစ်ယောက်ကြားမှာ အဆင်မပြေသလို ဖြစ်နေပြီး အိုင်ဒါလည်း တော်တော်စိတ်ညစ်နေပုံရပါတယ်။ လမ်းမှာ အိုင်ဒါကားမောင်းနေတုန်း မတော်တဆမှုဖြစ်ပြီး လူတစ်ယောက် သေဆုံးသွားခဲ့တယ်။ အဲဒီကိစ္စကို ဖြေရှင်းဖို့ သေဆုံးသူရဲ့ရွာဆီ ဆက်သွားကြရပါတယ်။ ဒီခရီးမှာ ဘာတွေထပ်ကြုံရမလဲ၊ ဖေရ်မန်းရဲ့အိမ်ကိုရော အိဒ်အမီ ရောက်နိုင်ပါ့မလား။ အိဒ်နေ့မှာ ဆွေမျိုးမိတ်ဆွေတွေကြားက အမှားတွေအတွက် တောင်းပန်ပြီး ခွင့်လွှတ်ပေးကြသလို အိုင်ဒါလည်း သူ့အမှားတွေအတွက် ခွင့်လွှတ်ခံရနိုင်ပါ့မလား၊ သူကိုယ်တိုင်ကရော ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း