ဇာတ်ကားများ ရွေးရန်

Mumbaikar

2023ဇာတ်ကားအမှတ် 6.0/10123 မိနစ်

မွမ်ဘိုင်းမှာ ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ် ရုန်းကန်နေကြတဲ့ လူလေးယောက် ရှိပါတယ်။ တစ်ယောက်က ရဲအရာရှိ ဖြစ်ချင်ပေမယ့် ချစ်သူက အလုပ်ရှိမှ စဉ်းစားပေးမယ်ဆိုလို့ အလုပ်လိုက်လျှောက်နေရတယ်။ နောက်တစ်ယောက်က မိသားစု ပျော်ရအောင် မြို့တက်အလုပ်ရှာရင်း သွားလေရာ ကံဆိုးနေသူပါ။ လူမိုက်ဂိုဏ်းမှာ ယာဉ်မောင်းဝင်လုပ်နေတဲ့ ဦးလေးကြီးတစ်ယောက်လည်း ရှိသေးတယ်။ မန်နူးကတော့ သူငယ်ချင်းရဲ့အဆက်အသွယ်နဲ့ ဂိုဏ်းထဲဝင်ပြီး ဂန်းစတားကြီး ဖြစ်ချင်နေပါတယ်။ ကလေးတစ်ယောက်ကို ပြန်ပေးဆွဲဖို့ လုပ်ရာက လူမိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ သားကိုမှ မှားဖမ်းမိသွားတယ်။ အဲဒီအမှားတစ်ခုကနေ လူလေးယောက်ရဲ့ဘဝတွေ ဆက်နွယ်လာပုံကို ပြထားတဲ့ ဟင်ဒီကားဖြစ်ပြီး တမီးလ်ရုပ်ရှင်ကို ပြန်ရိုက်ထားတာပါ။ ဗီဂျေးစည်သူပတီနဲ့ ဗီကရန့်မက်ဆီတို့ အဓိကပါဝင်ထားကြပါတယ်။

ဇာတ်လမ်းအကြောင်း