Hard Eight
IMDB : 7.1/10 ဒီကားလေးကတော့ လောင်းကစားလောကမှာကျင်လည်နေပြီး လောင်းကစားလုပ်တဲ့နေရာမှာ ဘယ်လိုလှည့်ကွက်တွေနဲ့ အမြတ်ထုတ်မလည်း ဘယ်လိုငွေညှစ်လိမ်စားလိုရလည်းဆိုတာကို ပညာသားပါပါထည့်ပြရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဗျ။ ဇာတ်လမ်းလေးရဲ့ အကြောင်းအရာကတော့ ဂျောန်ဆိုတဲ့ အနာဂတ်ပျောက်ပြီး လမ်းဘေးရောက်နေတဲ့ လုပ်ကိုင်စရာမရှိတဲ့လူငယ်လေးကို ဆစ်ဒ်နီဆိုတဲ့ဦးလေးတစ်ယောက်ဟာ ကူညီပေးဖိုလက်ကမ်းလာခဲ့ပါတယ်။ဆစ်ဒ်နီဟာ အရင်ကလောင်းကစားမှာ ကစားခဲ့တဲ့သူဖြစ်ပြီးတော့ ဒါမျိုးတွေကိုရှေ့နောက်ပတ်စေ့ကျွမ်းကျင်စွာသိတဲ့သူ ဖြစ်ပါတယ်။ဆစ်ဒ်ရဲ့လက်အောက်မှာပဲ ဂျောန်ဟာကာစီနိုမှာ ဘယ်လိုကစားရမလဲ ငွေဘယ်လိုညှစ်ရင်အမြတ်ရမလဲ လောင်းကစားရဲ့ဟာကွက်တွေကို အသုံးချပြီး ငွေဘယ်လိုဖြတ်စားရမလဲဆိုတာတွေကိုကျွမ်းကျင်စွာ လုပ်ကိုင်တတ်လာခဲ့တယ်။ ဒီလိုနဲ့ ဂျောန်ဟာလမ်းဘေးအလုပ်အကိုင်မရှိတဲ့သူကနေ အေးဆေးဇိမ်ခံနေရတဲ့အခြေအနေကိုရောက်လာခဲ့တယ်။တစ်နေ့မှာ ကလယ်မက်ထိုင်းဆိုတဲ့ ကာစီနိုမှာလုပ်နေတဲ့ကောင်မလေးကို ဂျောန်ဟာချစ်ကျွမ်းဝင်သွားပြီး လက်ထပ်ဖိုကြံရွယ်ပါတော့တယ်။ဒါပေမဲ့ ကလယ်မက်ထိုင်းက ကာစီနိုမှာလုပ်တဲ့သူဖြစ်လို ဒီလိုကိစ္စတွေဟာသူမအတွက် ဂျောန်နဲ့လက်တွဲဖိုအခက်အခဲတွေရှိလာတယ်။ ဒီပြဿနာကိုဆစ်ဒ်နီဟာ ကူညီဖြေရှင်းပေးပြီး အဆင်ပြေအောင်လုပ်ပေးခဲ့တယ်။ဆစ်ဒ်နီဟာ သူနဲ့ဘာမှမသက်ဆိုင်တဲ့ လမ်းဘေးရောက်အလုပ်လက်မဲ့ဖြစ်တဲ့ ဂျောန်ဆိုတဲ့ကောင်လေးကို ဒီလိုခေါ်ယူပြီးပညာတွေသင်ပေးခဲ့ခြင်းက စေတနာစိတ်ကြောင့်လား နောက်ကွယ်မှာအကြောင်းတစ်ခုခုရှိလိုများ လုပ်ပေးနေတာလားဆိုတာကိုတော့..... File size…(1.3 GB)/(757 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း