The Lost Patient
ပြင်သစ်နိုင်ငံက မြို့ငယ်လေးတစ်မြို့မှာ မိသားစုတစ်စု အသတ်ခံရပြီး အသက်ငင်နေတဲ့ ကောင်လေးတစ်ယောက်ကိုတော့ ဆေးရုံအချိန်မီ ပို့နိုင်ခဲ့ပါတယ်။ အသက်ရှင်ခဲ့ပေမယ့် ကိုမာဝင်သွားတာကြောင့် သုံးနှစ်လောက် သတိလစ်နေခဲ့တယ်။ ပြန်နိုးလာတဲ့အခါမှာလည်း အိမ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ သေချာမမှတ်မိတော့ပါဘူး။ ဒီလူသတ်မှုရဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ သူကသာ မျှော်လင့်ချက်ဖြစ်နေတာကြောင့် စိတ်ပညာရှင် ဒေါက်တာအန်နာက သူ့မှတ်ဉာဏ်တွေ ပြန်ရလာအောင် ကူညီပေးပါတယ်။ စတင်မေးမြန်းရင်း သူ့အစ်မ လော်ရာ ပျောက်ဆုံးနေတာကို သတိထားမိလာကြတယ်။ လော်ရာ ဘယ်ရောက်နေတာလဲ၊ မိသားစုကို သတ်သွားသူက သူပဲဖြစ်နေမလား၊ လူသတ်သမားအစစ်ကို ရှာတွေ့နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။ စိတ်ပညာဆိုင်ရာ မေးခွန်းတွေနဲ့ ကုသနည်းတွေကို အသုံးပြုပြီး အတိတ်ကို ပြန်ဖော်ထုတ်ရာမှာ ကောင်လေးရဲ့အတိတ်ကရော သူထင်ထားသလို ဖြစ်နေပါ့မလား။
ဇာတ်လမ်းအကြောင်း