ဇာတ်ကားများ ရွေးရန်

Kids Return

1996ဇာတ်ကားအမှတ် 6.9/10107 မိနစ်

ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၁၉၉၆က ထွက်ရှိခဲ့တဲ့ Kids returnဆိုတဲ့ဂျပန်ကားလေးဖြစ်ပါတယ်။ မာဆာရုနဲ့ရှင်းဂျီဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကျောင်းမှာ အမြဲအလေလိုက်နေတတ်တဲ့သူတွေပါ။ ဒါ့အပြင် အခြားကျောင်းသားတွေကိုလည်း အမြဲအနိုင်ကျင့်‌တတ်တာမို့ ကျောင်းရဲ့အော့ကြောလန်ဇိုးလေးတွေဆိုလည်း မမှားပါဘူး။ တရက်မှာတော့ မာဆာရုတိုအမြဲအနိုင်ကျင့်နေကြဖြစ်တဲ့ ကျောင်းသား‌တွေက လက်ဝှေ့သမားတစ်ယောက်ကိုခေါ်လာပြီး မာဆာရုတို့ကို ပြန်သင်ခန်းစာပေးသွားပါတယ်။ ဇိုးပီပီ မကျေနပ်တဲ့မာဆာရုဟာ ပြန်လက်စားချေဖို့အတွက် လက်ဝှေ့သင်တန်းတက်ပြီး ရှင်းဂျီကိုပါ တက်ဖို့ခေါ်ပါတယ်။ ဒါပေမယ့် ပုံမှန်ဆို အမြဲ‌တထောင်ထောင်ဖြစ်နေတဲ့ မာဆာရုဟာ ရှင်းဂျီလောက် သူ့ကိုယ်သူ လက်ဝှေ့မှာမတော်တာကို သိလိုက်ရတော့ စိတ်ဓာတ်ကျပြီး သင်တန်းကနေထွက်ကာ ယာကူဇာဂိုဏ်းထဲ၀င်လိုက်ပါတယ်။ တစ်ဖက်မှာလည်း ရှင်းဂျီဟာ ပါရမီပါတဲ့အလျောက် တဖြည်းဖြည်းနဲ့လက်ဝှေ့လောကမှာ နာမည်ရလာသလို မာဆာရုလည်း ဂိုဏ်းမှာ နေရာအတန်အသင့်ရလာပါတယ်။ ငယ်စဉ်က အတူတူပေါင်းလာတဲ့သူငယ်ချင်းနှစ်ယောက်ဟာ အခုတော့ လမ်းစဉ်တွေမတူတော့သလို သူတို့လျှောက်နေကြတဲ့လမ်းတွေမှာ ဘယ်လိုကိစ္စတွေကြုံတွေ့လာမလဲ သူတိုနှစ်ယောက်သံယောဇဉ်ကရော တည်မြဲပါဦးမလား။ ဘ၀ကို ဒေါင်ကျကျပြားကျကျ ဖြတ်သန်းမယ်လို့ငယ်စဉ်က စိတ်ကူးထားတဲ့သူတိုနှစ်ယောက် တကယ်ရော ဘ၀ကြီးကသူတို့အတွက် လွယ်ကူပါ့မလား ဆိုတာကိုတော့ အတူစောင့်ကြည့်လိုက်ရအောင်။ Quality.....Blu-Ray 1080p / 720p File Size.....(2 GB) / (1 GB) Duration.....01:50:00

ဇာတ်လမ်းအကြောင်း