ဇာတ်ကားများ ရွေးရန်

Lasting Moments

2025ဇာတ်ကားအမှတ် 6.8/10116 မိနစ်

Lasting Moments (2025) ++++++++++++ Lasting Moments ကတော့ အချစ်နဲ့ဘဝတာဝန်ကြားမှာ ရုန်းကန်ရတဲ့ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ဖိလစ်ပိုင်ဇာတ်ကားဖြစ်ပြီး Fifth Solomon က ဒါရိုက်တာလုပ်ရိုက်ကူးပေးထားပါတယ်။ Aki (JM de Guzman) နဲ့ Pia (Sue Ramirez) တို့အတူနေချစ်သူနှစ်ဦးရဲ့ဘဝဇာတ်လမ်းကို ပုံဖော်ပြသထားပါတယ်။ ဇာတ်လမ်းအစမှာ Aki နဲ့ Pia ဟာ အိမ်ထောင်ပြုဖို့အိပ်မက်မက်နေတဲ့ ချစ်သူနှစ်ဦးဖြစ်ပါတယ်။ Pia က ဆင်းရဲတဲ့ဘဝက လွတ်မြောက်လိုတဲ့ ဆန္ဒကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး သမိုင်းဆရာတစ်ဦးဖြစ်တဲ့ Aki ကတော့ အတိတ်ကိုတန်ဖိုးထားတာကြောင့် သူတို့ရဲ့နေ့စဉ်ဘဝတွေကို ကင်မရာနဲ့ မှတ်တမ်းတင်လေ့ရှိပါတယ်။ ဒါပေမဲ့ Pia ရဲ့အလုပ်ရှင်ဖြစ်သူ Carlo ဟာ Singapore ကအလုပ်တစ်ခုကို ကမ်းလှမ်းလိုက်တဲ့အခါ Pia က သူ့အလုပ်အကိုင်တိုးတက်မှုအတွက် အဲဒီအခွင့်အရေးကို အမိအရယူခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Aki ရဲ့ဘဝက တဖြည်းဖြည်းယိုယွင်းလာပြီး သူ့အလုပ်ကိုဆုံးရှုံးရတဲ့ထိဖြစ်လာခဲ့ပါတယ်။ Aki ရဲ့ပြုမူနေထိုင်မှုတွေကလည်း ထူးဆန်းလာပြီး စိတ်တိုလွယ်သလို မကြာခဏမေ့လျော့တတ်လာပါတယ်။ ဒီအခြေအနေတွေကြောင့် သူတို့ဆက်ဆံရေးက ပြိုကွဲသွားခဲ့ပြီး Pia က Aki ကိုစွန့်ခွာကာ Singapore ကို အလုပ်လုပ်ကိုင်ဖို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ငါးနှစ်ကြာတဲ့နောက် Pia က Singapore မှာ Carlo နဲ့အတူနေထိုင်နေပေမယ့်လည်း ပျော်ရွှင်မှုကို မရရှိခဲ့ပါဘူး။ ဖိလစ်ပိုင်နိုင်ငံကိုပြန်လာပြီး Carlo လက်ထပ်ခွင့်တောင်းတာကိုလည်း ငြင်းဆန်ခဲ့ပါတယ်။ အဲဒီနောက် Aki ကို ပြန်လည်ရှာဖွေတဲ့အခါ Aki က အရင်လိုမဟုတ်တော့ဘဲ Pia ကိုတောင် မမှတ်မိတော့ပါဘူး။ Aki ဟာ Alzheimer ရောဂါခံစားနေရကြောင်း Pia သိရှိလိုက်ရပြီးတဲ့နောက် Aki ကို ပြန်လည် ကူညီစောင့်ရှောက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဇာတ်ကားဟာ အချစ်၊ ဝတ္တရားနဲ့ ရွေးချယ်မှုတွေရဲ့ နက်ရှိုင်းတဲ့အဓိပ္ပာယ်တွေကို ထိုးထွင်းသိမြင်စေတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File Size… (1.39GB) / (763MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 56m Genre … Drama , Romance Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း