ဇာတ်ကားများ ရွေးရန်

Mekhong Full Moon Party

2002ဇာတ်ကားအမှတ် 5.7/10119 မိနစ်

ဒီတစ်ခါဇာတ်ကားလေးကတော့ ဘာသာရေးအရရိုးရာယုံကြည်မှုတွေနဲ့ သိပ္ပံနည်းကျ အမှန်တရားရှာဖွေမှုတွေအကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ် ဇာတ်ကားနာမည်ကတော့ 11လပိုင်း15ရက်မြောက်ညလို့ခေါ်ပါတယ် အကြမ်းဖျဉ်းအရ လပြည့်ညကိုဆိုလိုတာပါ ထိုင်းတွေရဲ့ ရိုးရာယဉ်ကျေးမှု ယုံကြည်မှုတွေဟာ ကျွန်မတို့မြန်မာတွေနဲ့အတော်လေးဆင်တူပါတယ် နတ်တွေကိုယုံကြည်တယ် နဂါးတွေကိုယုံကြည်တယ် အခုကတော့ နဂါးတွေအကြောင်းပါ ဇာတ်လမ်းအကျဉ်းကတော့ ထိုင်းနိုင်ငံမြောက်ပိုင်း မဲခေါင်မြစ်ကမ်းပေါ်က ကျေးရွာလေးတစ်ရွာကို အခြေခံပြီးရိုက်ကူးထားတာပါ အဲ့ဒီရွာမှာ နှစ်စဉ်ဝါထွက်ချိန် လပြည့်ညမှာ မြစ်ထဲကနေမီးလုံးတွေပျံတက်တဲ့ရှားပါးဖြစ်စဉ်တွေကို ဒေသခံတွေက အံ့ဩစွာမြင်ကြရပါတယ် ဒီဖြစ်စဉ်တွေကို နဂါးမီးလုံးလို့ အမည်တွင်လာပြီး ဒဏ္ဍာရီနဂါးမင်းက မီးလုံးတွေမှုတ်ထုတ်ပေးတယ်လို့ယူဆလာကြပါတော့တယ် တစ်ကယ်ပဲနဂါးကမှုတ်ထုတ်ပေးတာလားဆိုတာကို ယုံကြည်သူတွေရှိနေပေမယ့် တစ်ဖက်မှာလည်း မယုံကြည်သူတွေရှိနေပြန်ပါတယ် မယုံကြည်သူတွေဟာလည်း မတော်တဆမှုတွေ နဲ့ ကြုံလာရချိန်မှာတော့ ဒါဟာရှင်းရခက်တဲ့ ပုစ္ဆာတစ်ခုလို ဖြစ်လာပါတယ် အဲ့ဒီရွာလေးနဲ့မဲခေါင်မြစ်ရဲ့တစ်ဖက်ကမ်း(လာအို)မှာလည်းဒေသခံတွေရဲ့လေးစားကြည်ညိုရတဲ့ဆရာတော်တစ်ပါးရှိပါတယ် ဆရာတော်က နဂါးတွေနဲ့ပတ်သက်ပြီး ယုံကြည်မှုပြင်းထန်သူပါ ဘာသာရေးအရယုံကြည်မှုတွေနဲ့ လူတွေကို သိမ်မွေ့စေချင်သူပါ “ ခန်” ကတော့ ဆရာတော်ရဲ့ မွေးစားသားပါ အချိန်တန်အရွယ် ရောက်ပြီးခေတ်ပညာတွေ တတ်လာတဲ့အခါ ဒီအရာအပေါ်အမြင်တွေဘယ်လိုပြောင်းလာမလဲ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို စိတ်ဝင်တစားကြည့်ရမှာပါ ဒီဇာတ်ကားဟာ ထိုင်းကျေးလက်ဒေသတွေရဲ့ လှပမှု ကျေးလက်နေပြည်သူတွေရဲ့ ရိုးရှင်းတဲ့ဘဝနဲ့သဘာဝလွန်ဖြစ်ရပ်တွေ ကိုသိမ်သိမ်မွေ့မွေ့ပြထားပြီး“ ယုံကြည်မှု” နဲ့ “ အမှန်တရား” ကြားကအရာကို ရိုက်ပြထားပါတယ် နဂါးမီးလုံးတွေဟာ ယုံကြည်မှုနဲ့ရိုးရာဓလေ့တစ်ခုဖြစ်ပေမယ့် အမှန်တရားကဘာဆိုတာကိုလည်း ရှင်းပြထားပါတယ် 2002 ခုနှစ်က ထွက်ခဲ့တဲ့ဇာတ်လမ်းဖြစ်ပေမယ့်လည်း ထိုင်းရုပ်ရှင်တွေရဲ့ ကျေးလက်ဆန်တဲ့ ဇာတ်လမ်းတွေထဲ စံနမူနာအနေနဲ့ ဒီနေ့အထိရပ်တည်နေဆဲဖြစ်ပါတယ် ထိုင်းကျေးလက်သဘာဝနဲ့ ထိုင်းယဉ်ကျေးမှုကိုစိတ်ဝင်စားသူတွေအနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ခုဖြစ်ပါတယ် Quality.....WebRip 1080p / 720p File Size.....(2.6 GB) / (1.5 GB) Duration.....02:00:00

ဇာတ်လမ်းအကြောင်း