ဇာတ်ကားများ ရွေးရန်

Over the Top

1987ဇာတ်ကားအမှတ် 6.4/1093 မိနစ်

လင်ကွန်းဟော့ခ်ဟာ ယောက္ခမရဲ့စနက်ကြောင့် ဇနီးနဲ့ကွာရှင်းပြီး သားလေးကိုပါ ခွဲထားခဲ့ရသူပါ။ နှစ်တွေကြာလာတဲ့အခါ နှလုံးရောဂါခံစားနေရတဲ့ မိုက်ကယ့်အမေက သူ့မှာ နေရမယ့်အချိန် သိပ်မကျန်တော့ကြောင်း သိလာတယ်။ ဒါကြောင့် လင်ကွန်းကို ပြန်ဆက်သွယ်ပြီး မိုက်ကယ် သင်တန်းကျောင်းဆင်းတဲ့နေ့မှာ သွားကြိုပေးဖို့ တောင်းဆိုလိုက်ပါတယ်။ မိုက်ကယ်ကတော့ အဖေ ဘာကြောင့်ထွက်သွားခဲ့ရသလဲဆိုတာ မသိတဲ့အတွက် ပြန်တွေ့ချိန်မှာ မကြည်ဖြူပါဘူး။ ကုန်ကားနဲ့ အိမ်ပြန်ကြတဲ့ သုံးရက်ခရီးတစ်လျှောက်မှာ သားက အဖေ့ကို ဆရာလုပ်လိုက်၊ သြဝါဒပေးလိုက်နဲ့ သားအဖနှစ်ယောက် ဘုကလန့်တိုက်နေကြတယ်။ အဲဒီလို အတူခရီးသွားရင်းနဲ့ပဲ သူတို့ကြားမှာ တဖြည်းဖြည်း ရင်းနှီးမှု ပြန်ရှိလာပါတယ်။ စတားလုန်းစ် ပါဝင်ထားတဲ့ ဒီဇာတ်ကားက လက်လှဲအားကစားနောက်ခံနဲ့ သားအဖနှစ်ယောက် ပြန်ဆုံကြတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ အိမ်အပြန်ခရီးအပြီးမှာ သူတို့အတွက် ဘာတွေစောင့်နေမလဲ၊ မိုက်ကယ့်အဘိုးက ဘယ်လိုထပ်ပြီး နှောင့်ယှက်ဦးမလဲဆိုတာကို လက်လှဲပြိုင်ပွဲတွေနဲ့အတူ ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း