ဇာတ်ကားများ ရွေးရန်

The Lady Vanishes

1938ဇာတ်ကားအမှတ် 7.4/1096 မိနစ်

အိုင်းရစ်ဆိုတဲ့ အမျိုးသမီးလေးဟာ ဘန်ဒရီကာဆိုတဲ့ ဥရောပနိုင်ငံငယ်လေးကနေ အိမ်ထောင်ပြုဖို့အတွက် အင်္ဂလန်နိုင်ငံကို ပြန်လာဖို့ ဖြစ်လာခဲ့ပါတယ် အဲဒီလို ပြန်ဖို့အတွက် ရထားဘူတာကိုအလာမှာ အမျိုးသမီးတစ်ယောက်က မျက်မှန်ကျကျန်ခဲ့တာကို လိုက်ပြန်ပေးရင်းနဲ့ ခေါင်းပေါ်ကို အုတ်ခဲ ပြုတ်ကျ ခံခဲ့ရပါတယ် အဲဒီလိုနဲ့ သူက ခေါင်းနာနေရင်း ရထားပေါ်တက်လာတဲ့အခါမှာ သူမျက်မှန်လိုက်ပေးတဲ့ အမျိုးသမီးက သူ့ကို စောင့်ရှောက်ရင်း ခရီးဆက်ခဲ့ပါတယ် ဒီလိုနဲ့ သူခဏအိပ်ပျော်သွားပြီးတော့ ပြန်နိုးလာတဲ့ အချိန်မှာ ထိုအမျိုးသမီး ပျောက်သွားပါတော့တယ် သူက လိုက်ရှာရင်း ရထားပေါ်က သူတွေကို မေးတော့လည်း ဒီအမျိုးသမီးက အစတည်းက မရှိကြောင်းပြောပြတဲ့ အခါ ဒီအမျိုးသမီးရဲ့ ဖြစ်တည်မှုက ပဟေဠိတစ်ခုဖြစ်လာခဲ့ပါတယ် ဒီတော့ ဒီအမျိုးသမီးက တကယ်ပဲ မရှိခဲ့တာလား ထူးထူးဆန်းဆန်းပျောက်ကွယ်သွားတာလားဆိုတာကို ကြည့်ရှုခံစားရင်း အဖြေရှာရမှာ ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း