ဇာတ်ကားများ ရွေးရန်

Harimau Merah: Intrik Dalaman

2025ဇာတ်ကားအမှတ် 6.0/10

Harimau Merah: Intrik Dalaman (2025) +++++++++++ Harimau Merah: Intrik Dalaman (2025) ဆိုတဲ့ကားလေးကတော့ ဂုဏ်သိက္ခာရှိစီးပွားရေးဂိုဏ်းတစ်ခုရဲ့ ပဋိပက္ခတွေ၊သစ္စာဖောက်မှု၊ အာဏာလုမှုနဲ့ ဂိုဏ်းသားဟန်ဆောင်ထားတဲ့ ရဲအရာရှိတစ်ဦးအကြောင်းရိုက်ကူးထားတဲ့ အက်ရှင်၊ ဒရာမာ၊ ရာဇဝတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း---------- သွေးစွန်းကျား ဂိုဏ်းခေါင်းဆောင်ဖြစ်သူ ဘော့စ်က ဟိုတယ်၊စားသောက်ဆိုင်နဲ့ဂေါက်ကွင်းတွေပိုင်ဆိုင်ထားတဲ့ စီးပွားရေးအင်ပါယာတစ်ခုကို ထူထောင်ထားပြီး သူ့ဂိုဏ်းထဲမှာသူ့ရဲ့အယုံကြည်ရဆုံးဖြစ်သူ ဟားကင်ကိုတာဝန်တွေအပ်ထားပါတယ်။ ဘော့စ်ရဲ့ ညီအာဘီက တရားမဝင်မူးယစ်ဆေးဝါးတွေဖြန့်ဖြူးရာမှာအကိုဖြစ်သူစီးပွားရေးအင်ပါယာကို အသုံးချနိုင်ဖို့ သူတို့နှစ်ယောက်လုံးကိုလုပ်ကြံပေမယ့် ဟားကင်ကတော့လွတ်မြောက်ထွက်ပြေးသွားပါတယ်။ ခေါင်းဆောင်နဲ့ဟားကင်မရှိတဲ့အချိန်မှာ ဂိုဏ်းရဲ့စည်းကမ်းအရ ဘော့စ်ရဲဲ့သားဖြစ်သူ လော့ခ်မန်ကဆက်ခံရပြီး အဘီကလော့ခ်မန်ကို ကြိုးကိုင်ကာ သူ့ရဲ့ မူးယစ်ဆေးဝါးတွေကိုသိုလှောင်ဖို့ ဘော့စ်ရဲ့ စီးပွားရေးအင်ပါယာကိုအသုံးပြုဖို့လုပ်ပြီးနောက် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ဆက်လက်ကြည့်ရှုလိုက်ပါ။ File Size… (1.13GB) / (667MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 23m Genre … Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း