ဇာတ်ကားများ ရွေးရန်

Northwest

2013ဇာတ်ကားအမှတ် 6.8/10100 မိနစ်

Northwest (2013) IMDb..... 6.8 ဒီ Northwest ဆိုတဲ့ ဇာတ်ကားကတော့ 2013 မှာထွက်ရှိခဲ့ပြီး ငွေကြေးအခြေအနေကြောင့် ဒုစရိုက်ဂိုဏ်းလောကထဲ ရောက်သွားတဲ့ အောက်ခြေလူတန်းစားမိသားစုတစ်စုရဲ့ သားအကြီးဆုံးရဲ့ ရှုထောင့်ကနေရိုက်ကူးထားတဲ့ Crime, Drama, Action ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း------- ဒိန်းမတ်နိုင်ငံ ကိုပေဟေကင်မြို့ရဲ့ ဆင်းရဲပြီး လူမျိုးပေါင်းစုံနေထိုင်တဲ့ Nordvest ဆိုတဲ့ ရပ်ကွက်မှာ အသက်၁၈နှစ်အရွယ် ကတ်စ်ပါနဲ့ သူ့ရဲ့မိခင်၊ ညီ၊ ညီမလေးတို့ နေထိုင်ကြပါတယ်။ ကတ်စ်ပါဟာ ရပ်ကွက်ထဲက ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ဂျမားအတွက် ခိုးရာပါပစ္စည်းတွေ ရောင်းချပြီး မိသားစုကို ထောက်ပံ့နေတဲ့သူ‌ပေါ့။ တစ်နေ့ကျ ဂျမားရဲ့ ပြိုင်ဘက် ဘွန်းက သူ့ဆီမှာ အလုပ်လုပ်ပေးရင် ပိုက်ဆံပိုပေးမယ်ဆိုတာကြောင့် ကတ်စ်ပါက ကမ်းလှမ်းချက်ကို လက်ခံလိုက်တဲ့အခါမှာ‌တော့ သူလုပ်ကိုင်နေကျ ရိုးရိုးခုယူမှု မဟုတ်ဘဲ မူးယစ်ဆေးဝါးနဲ့ ပြည့်တန်ဆာလောကထဲကို ရောက်သွားပါတော့တယ်။ ဒီအဖြစ်အပျက်ကြောင့်ပဲ ဘွန်းနဲ့ ဂျမားတို့ကြားက ပဋိပက္ခတွေ ပိုမိုပြင်းထန်လာပြီး ကတ်စ်ပါဟာ သူ့ရဲ့ညီငယ်လေးကိုပါ ဒီအန္တရာယ်လောကထဲကို ဆွဲသွင်းသလို ဖြစ်သွားတဲ့အခါမှာ‌တော့... အန္တရာယ်တွင်းထဲရောက်နေတဲ့ ကတ်စ်ပါတစ်ယောက် သူနဲ့ သူ့မိသားစုကို ဒီအန္တရာယ်တွင်းထဲကနေ ဘယ်လိုကာကွယ်မလဲ... ရွေးချယ်မှုတွေ မှားယွင်းခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်တွေအတွက် ဘယ်လိုပေးဆပ်ရမလဲ... ဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးဗျာ။ File Size : 2.65GB/ 1.04GB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…1hr 31m Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း