I Walk the Line
I Walk the Line ( 1970 ) Madison Jonesရဲ့ An Exileဆိုတဲ့ ဝတ္ထုကို ပြန်ရိုက်ထားတဲ့ရုပ်ရှင်ပေါ့။ ရိုက်တဲ့ဒါရိုက်တာက ရုပ်ရှင်ပိုင်းမှာတော့ သိပ်ပြီး ထင်ထင်ပေါ်ပေါ်မဟုတ်ပေမဲ့ တီဗီရုပ်ရှင်ပိုင်းမှာတော့ အမ်မီသုံးဆုဆက်တိုက်ရပြီး စုစုပေါင်း၄ဆုရထားတဲ့ John Frankenheimer။ FRENCH CONNECTION 2နဲ့ Birdman of Alcatraz ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်းဟုတ်တယ်။ မင်းသားကတော့ American Film Instituteက စာရင်းလုပ်ထားတဲ့ ကလပ်စစ်ဟောလိဝုဒ်စီနီမာက အကြီးကျယ်ဆုံး မင်းသားတွေစာရင်းထဲ နံပါတ်၁၂ချိတ်ထားတဲ့ ဂရီဂိုရီပတ် ။ ဆိုပေမဲ့ ပြောဖို့လည်း မလိုပါဘူး။ သူ့နာမည်နဲ့တင် ဖြစ်နေပြီမလား။ Tuesday Weldကလည်း မာယာများတဲ့ဇာတ်ကောင်နေရာက လှလှပပ အသုံးတော်ခံထားတယ်။ ဒီကားက ဒီတိုင်း အစွန်အဖျားမြို့လေးတစ်မြို့မှာ အရက်ပုန်းချက်တဲ့ မိသားစုတစ်စုနဲ့ အဲဒီမိသားစုက ကလေးမလေးကို စွဲလမ်းမိသွားတဲ့ ရဲအရာရှိတစ်ယောက်ရဲ့ ဇာတ်လမ်းသက်သက်ပဲ။ ဒရာမာကိုမှ မှုခင်းပါးပါးစွတ်ထားမျိုး။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ တကယ့်ထူးခြားချက်က တစ်ကားလုံး Johnny Cashသီချင်းတွေ သုံးထားတာပဲ။ နာမည်ကိုက ဂျွန်နီကတ်ရှ်သီချင်းနာမည် I Walk the Line ကို ပေးထားတယ်။ ဂျွန်နီကတ်ရှ်ဖန်တွေတော့ တစ်ကားလုံး သူ့သီချင်းတွေ အပြည့်နားထောင်ရမယ့်ကားပဲ။ ရယ်ရတာက ဒီရုပ်ရှင်က ဖောက်ပြန်တဲ့ ဇာတ်လမ်းလို့ပြောရမယ်။ ဂျွန်နီကတ်ရှ်ရဲ့ I Walk the Lineသီချင်းရဲ့ နောက်ခံဇာတ်လမ်းကလည်း ဖောက်ပြန်တဲ့ ဇာတ်လမ်းပဲဆိုတော့ ရွဲ့ပြီးထည့်ထားသလားတောင် ထင်ရတာပါပဲ။ သီချင်းတွေရော သရုပ်ဆောင်တွေရော သိပ်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါပဲ။
ဇာတ်လမ်းအကြောင်း