Road to Ninja: Naruto the Movie
Road to Ninja ဟာ Naruto Shippuden ရုပ်ရှင်တွေထဲက ဆဋ္ဌမမြောက်ကားပါ။ Naruto ဟာ One Piece၊ Bleach တို့နဲ့အတူ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က လူသိများခဲ့တဲ့ အန်နီမေးသုံးခုထဲမှာ ပါဝင်ပြီး အရှုံးမပေးဖို့ အားပေးတဲ့ စကားတွေနဲ့လည်း ပရိသတ်တွေကြား ရင်းနှီးခဲ့ပါတယ်။ ရုပ်ရှင်တွေအနေနဲ့ Naruto ရဲ့ ကလေးဘဝအကြောင်း သုံးကားနဲ့ Shippuden လူငယ်ဘဝအကြောင်း ခုနစ်ကား ထွက်ရှိထားပါတယ်။ ဒီဇာတ်လမ်းမှာတော့ Konoha ရွာကို Akatsuki ကြေးစားအဖွဲ့က ဝင်တိုက်ခိုက်လာတယ်။ ထူးဆန်းတာက Naruto တို့ သုတ်သင်ခဲ့ပြီးသား အဖွဲ့ဝင်ဟောင်းတွေပါ ပြန်ပေါ်လာတာပါ။ Naruto တို့ ပြန်လည်ခုခံလိုက်တဲ့အတွက် Akatsuki အဖွဲ့ ထွက်သွားပေမယ့် ညဘက် Naruto နဲ့ Sakura နှစ်ယောက်တည်း ရှိနေချိန်မှာ Madara ပေါ်လာပါတယ်။ Madara က သူတို့ကို တခြားကမ္ဘာဆီ ပို့လိုက်တယ်။ အဲဒီမှာတော့ သေဆုံးခဲ့သူတွေ အသက်ရှင်နေကြပြီး Naruto ရဲ့ မိဘတွေလည်း ရှိနေဆဲပါ။ မိဘတွေနဲ့အတူ ရှိခွင့်ရချိန်မှာ Naruto ခံစားရတဲ့ စိတ်ခံစားချက်တွေကိုလည်း ဇာတ်လမ်းထဲမှာ ဖော်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း