Snake Eyes
အံစာတုံးနှစ်တုံးလုံးမှာ တစ်မှတ်စီကျတာကို မြွေမျက်လုံးနှစ်လုံးနဲ့ တူလို့ Snake Eyes လို့ ခေါ်ကြပြီး ကံဆိုးမှုနဲ့လည်း တင်စားကြပါတယ်။ ဒီဇာတ်ကားမှာ Nicolas Cage က အကျင့်ပျက်ချစားမှု၊ ငွေညှစ်မှုနဲ့ ဖောက်ပြန်မှုတွေ ရှိနေတဲ့ ရဲသား ရစ်ချက်ဆန်တိုရိုအဖြစ် သရုပ်ဆောင်ထားပါတယ်။ ရစ်က လောင်းကစားလုပ်ဖို့နဲ့ ရာထူးတိုးဖို့အတွက် သူငယ်ချင်းရဲ့ အကြီးအကဲကို မျက်နှာလုပ်ဖို့ဆိုပြီး ဟဲဗီးဝိတ်ချန်ပီယံပွဲကို သွားခဲ့တယ်။ ဒါပေမဲ့ သူလောင်းထားတဲ့ဘက်က နိုင်ဖို့ သေချာနေရာက ရှုံးသွားသလို သူ အကူအညီတောင်းဖို့ ကြံထားတဲ့ အကြီးအကဲကလည်း ပွဲခင်းထဲမှာပဲ လုပ်ကြံခံလိုက်ရပါတယ်။
ဇာတ်လမ်းအကြောင်း