ဇာတ်ကားများ ရွေးရန်

Cries and Whispers

1972ဇာတ်ကားအမှတ် 7.9/1095 မိနစ်

Cries and Whispers (1972) အညွှန်း ဒီဇာတ်ကားကတော့ သူ့ခေတ်သူ့အခါက နာမည်ကြီးဒါရိုက်တာ Ingmar Bergman ရိုက်ကူးထားတဲ့ ဆွီဒင်ဒရာမာ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ အက်ဂနက် ဆိုတဲ့ အမျိုးသမီးတစ်ဦးက ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရပြီး အိမ်ကြီးထဲမှာပဲ သေမဲ့နေ့ကို စောင့်ဆိုင်းနေခဲ့ရပါတယ်။ သူရဲ့ညီအစ်မနှစ်ယောက်က သူ့ကို ပြုစုစောင့်ရှောက်ဖို့ ခေါင်းစဉ်တပ်ပြီး အိမ်ပြန်လာကြပေမယ့် သူတို့ရဲ့ ဆက်ဆံရေးတွေက အက်ဂနက် မျှော်လင့်ထားသလိုနွေးထွေးမှုမရှိဘဲ အက်ဂနက်ကို နာကျင်မှုတွေနဲ့သာ ပြည့်နှက်နေ‌‌စေပါတယ်။ လက်တွေ့မှာတော့ သူတို့ရဲ့ အိမ်အကူ အန်နာ ကပဲ အက်ဂနက် အပေါ်မေတ္တာမှန်နဲ့ နွေးထွေးကြင်နာတဲ့သူ ဖြစ်လို့နေပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာ အက်ဂနက်ရဲ့ ညီအစ်မတွေနဲ့စရိုက်အမှန်နဲ့ ရည်ရွယ်ချက်ပေါင်းစုံက တဖြည်းဖြည်းဇာတ်ရှိန်တက်ပြီး ပေါ်လွင်အောင် ဖန်တီးထားတာမျိုးဖြစ်တာကြောင့် ခေတ်ဟောင်းကားတွေကြိုက်တတ်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့မဲ့ကားတစ်ကားပဲဖြစ်ပါတယ်။ File size…  6 GB / 1.18 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 35m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း