Thor: Ragnarok
ဆိုကိုဗီးယားစစ်ပွဲအပြီး နှစ်နှစ်အကြာမှာ သောဟာ မီးမိစ္ဆာဆာတာရဲ့ ဖမ်းဆီးတာကို ခံထားရပါတယ်။ ဆာတာက သောရဲ့ဖခင် အိုဒင်ဟာ အက်စ်ဂါ့တ်မှာ ကြာကြာနေရတော့မှာ မဟုတ်ကြောင်းနဲ့ အရာအားလုံးကို သူ့မီးလျှံတွေနဲ့ ဖျက်ဆီးပစ်မယ့်အကြောင်း ပြောလာတယ်။ သောကတော့ ဆာတာကို အနိုင်ယူပြီး အက်စ်ဂါ့တ်ကို ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် မွေးစားညီအစ်ကို လိုကီရဲ့အကူအညီနဲ့ ဖခင်ကို ရှာဖွေရင်း ကမ္ဘာမြေပေါ်က နော်ဝေးမှာ ရှိနေကြောင်း သိလာရတယ်။ သူတို့နှစ်ယောက် လိုက်သွားပေမယ့် အိုဒင်ကတော့ မရှိတော့ပါဘူး။ တစ်ဖက်မှာလည်း နှစ်ပေါင်းများစွာ အကျဉ်းကျနေခဲ့တဲ့ အိုဒင်ရဲ့သမီးဦး ဟီလာ ပေါ်လာပြီး အက်စ်ဂါ့တ်အတွက် ရန်သူဖြစ်လာပါတယ်။ ဟီလာဟာ သောရဲ့လက်စွဲတော်တူကို ဖျက်ဆီးလိုက်သလို သောနဲ့ လိုကီကိုလည်း အာကာသထဲရောက်အောင် ပို့ပြီး အပြတ်ရှင်းဖို့ ကြိုးစားတယ်။ အက်စ်ဂါ့တ်ကို ရောက်သွားတဲ့အခါမှာတော့ စစ်တပ်တွေကို ဖျက်ဆီးပြီး အရင်က သူနဲ့အတူ တိုက်ခိုက်ခဲ့ဖူးတဲ့ သေဆုံးသူကို ပြန်ရှင်စေကာ လက်အောက်ခံအဖြစ် အသုံးချပါတော့တယ်။ သောတစ်ယောက် ဟီလာကို တားဆီးပြီး အက်စ်ဂါ့တ်ကို ကာကွယ်နိုင်ပါ့မလား။ ဒီကားဟာ ၂၀၁၁ နဲ့ ၂၀၁၃ ခုနှစ်တွေမှာ ထွက်ခဲ့တဲ့ Thor ဇာတ်ကားတွေရဲ့ တတိယမြောက်အဆက်ဖြစ်ပြီး တိုက်ကာ ဝိတ်တီက ရိုက်ကူးထားပါတယ်။ ခရစ္စဟမ်းစ်ဝေါ့သ်၊ အန်တိုနီဟော့ပ်ကင်းစ်၊ ဘန်နီဒစ်ကန်ဘာဘက်ချ်၊ ကိတ်ဘလန်ချက်နဲ့ ကန်လန်စီဘရောင်းတို့ ပါဝင်ထားပြီး သိပ္ပံစိတ်ကူးယဉ်၊ စွန့်စားခန်း၊ ဟာသနဲ့ အက်ရှင်တို့ ရောစပ်ထားတဲ့ ဇာတ်ကားပါ။ MCU Phase 3 ရဲ့ ပဉ္စမမြောက်ကားဖြစ်ပြီး Avengers: Age of Ultron နဲ့ Avengers: Infinity War အကြားက အချိန်ကာလကို ဇာတ်အိမ်တည်ထားပါတယ်။ ထုတ်လုပ်ရေးကုန်ကျစရိတ် ဒေါ်လာသန်း ၁၈၀ ရှိခဲ့ပြီး ရုံဝင်ငွေ ဒေါ်လာ ၈၅၅ သန်း ရရှိခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း